ဇာတ်ကားများ ရွေးရန်

No Hard Feelings

2023ဇာတ်ကားအမှတ် 6.5/10103 မိနစ်4K

မက်ဒီက အူဘာတက္ကစီမောင်းပြီး အသက်မွေးနေသူပါ။ အိမ်အခွန်မဆောင်နိုင်လို့ ကားအသိမ်းခံလိုက်ရတဲ့အပြင် မကြာခင် အိမ်ကိုပါ ဆုံးရှုံးရနိုင်တဲ့အခြေအနေ ရောက်နေပါတယ်။ အမေ့ဆီက အမွေရထားတဲ့အိမ်လေးကို လက်မလွှတ်ချင်တာကြောင့် အလုပ်ပြန်လုပ်နိုင်ဖို့ ကားတစ်စီးရမယ့်နည်းကို အသည်းအသန် ရှာနေရတယ်။ အဲဒီအချိန်မှာ သူဌေးလင်မယားတစ်တွဲရဲ့ အင်တာနက်ကြော်ငြာကို မက်ဒီ တွေ့သွားပါတယ်။ သူတို့ရဲ့ အသက် ၁၉ နှစ်အရွယ် အိမ်တွင်းပုန်းသားလေးကို လောကကြီးအကြောင်း ပိုနားလည်လာအောင် တွဲပေးမယ့်မိန်းကလေးတစ်ယောက် ရှာနေတာပါ။ အဲဒီအတွက် ကားတစ်စီးပေးမယ်ဆိုတော့ မက်ဒီအတွက် အခွင့်အရေးဖြစ်လာတယ်။ ဒါနဲ့ သူ့ထက် ၁၅ နှစ်လောက်ငယ်တဲ့ ကျောင်းသားလေးကို ဒီသဘောတူညီချက်အကြောင်း မသိစေဘဲ ရည်းစားဖြစ်အောင် ကြိုးစားပါတော့တယ်။ အသက်အရွယ်ကွာတဲ့ သူတို့နှစ်ယောက်ကြား ဘယ်လိုအလွဲတွေ ကြုံလာမလဲဆိုတာ ဆက်ကြည့်ရမှာပါ။ Jennifer Lawrence နဲ့ Andrew Barth Feldman တို့ ပါဝင်ထားတဲ့ အချစ်ဟာသကားဖြစ်ပြီး အဝတ်မပါသောအခန်းတွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေကြောင့် R အဆင့် သတ်မှတ်ထားပါတယ်။

ဇာတ်လမ်းအကြောင်း