Through My Window: Across the Sea
Wi-Fi တစ်ခုကနေ စတင်ခဲ့တဲ့ Raquel နဲ့ Ares တို့ရဲ့ အချစ်ရေးကို Through My Window ရဲ့ ဒုတိယကားမှာ ဆက်ပြထားပါတယ်။ အစပိုင်းက ပျော်ရွှင်ခဲ့ကြပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူတို့နှစ်ယောက်လည်း စိန်ခေါ်မှုတွေကို ရင်ဆိုင်လာရတယ်။ Raquel ရဲ့ ဖျောင်းဖျမှုကြောင့် Ares က ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ ဆေးကျောင်းသွားတက်ပါတယ်။ အထက်တန်းကျောင်းဘဝကနေ တက္ကသိုလ်ဘဝကို ကူးပြောင်းရတာအပြင် နိုင်ငံခြားမှာပါ သွားနေရတဲ့အတွက် သူ့အတွက် လိုက်လျောညီထွေဖြစ်ဖို့ မလွယ်ပါဘူး။ တစ်ဖက်မှာလည်း Raquel နဲ့ အဝေးကနေ ချစ်ကြရတဲ့အခြေအနေကို ဖြတ်သန်းနေရတယ်။ ကျောင်းပိတ်ရက်မှာ Ares အိမ်ပြန်လာတဲ့အခါ သူတို့ကြားက ဝေးကွာမှုဟာ အချစ်ရေးအတွက် စမ်းသပ်မှုတစ်ခု ဖြစ်လာပါတယ်။ ပြန်တွေ့ရတဲ့အချိန်မှာ သူတို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ပုံဖော်ထားတဲ့ လူငယ်အချစ်ဒရာမာပါ။ လိင်ဆက်ဆံမှုအခန်းများစွာ ပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ဖို့တော့ မသင့်တော်ပါဘူး။
ဇာတ်လမ်းအကြောင်း