ဇာတ်ကားများ ရွေးရန်

Jayeshbhai Jordaar

2022ဇာတ်ကားအမှတ် 5.9/10124 မိနစ်

ဂျက်ရှ်ဟာ Pravingadh မှာ ဘိုးဘေးအစဉ်အဆက် အုပ်ချုပ်လာတဲ့ မိသားစုက သားတစ်ယောက်ပါ။ မူဒရာနဲ့ အိမ်ထောင်သက် ကိုးနှစ်ရှိပြီး သမီးလေးတစ်ယောက်လည်း ရှိပါတယ်။ ဒါပေမယ့် မိသားစုကို ဆက်ခံမယ့် သားယောက်ျားလေး မွေးပေးဖို့က မူဒရာ မဖြစ်မနေ ထမ်းထားရတဲ့ တာဝန်လို ဖြစ်နေတယ်။ အိမ်ထောင်သက်တစ်လျှောက် ကိုယ်ဝန်ထဲက ကလေးဟာ မိန်းကလေးဖြစ်မှန်း သိရတိုင်း ဖျက်ချခဲ့ရတာ ခြောက်ကြိမ်တောင် ရှိနေပါပြီ။ အခုကိုယ်ဝန်မှာတော့ သားလေးရဖို့ တစ်မိသားစုလုံးက မျှော်လင့်နေကြပါတယ်။ စိတ်နူးညံ့တဲ့ ဂျက်ရှ်က ကလေးဟာ မိန်းကလေးဖြစ်မှန်း သိလိုက်ရချိန်မှာတော့ ရင်သွေးတစ်ယောက်ကို ထပ်မဆုံးရှုံးချင်တော့ဘူး။ မိဘတွေရဲ့ ရှေးရိုးစွဲအယူအဆကို သူ ဘယ်လိုဆန့်ကျင်မလဲ၊ ဇနီးနဲ့အတူ ဒီအခြေအနေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာ ဇာတ်လမ်းက ဆက်ပြထားပါတယ်။ အိန္ဒိယနိုင်ငံက အမျိုးသားကို ဦးစားပေးပြီး အမျိုးသမီးကို နှိမ်ချတဲ့ အမြင်တွေကို ဟာသနဲ့ ဒရာမာရောစပ်ပြီး တင်ပြထားပါတယ်။ လိင်အပေါ် အခြေခံတဲ့ ခွဲခြားဆက်ဆံမှုနဲ့ လူတစ်ယောက်ကို လူတစ်ယောက်အဖြစ် တန်းတူမြင်ပေးနိုင်ရေးကိုလည်း ဆွေးနွေးထားတဲ့ ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း