The Anchor
ဆယ်ရာဟာ ရုပ်သံလွှင့်ဌာနတစ်ခုရဲ့ နာမည်ကြီး သတင်းကြေညာသူဖြစ်ပြီး ကိုရီးယားမှာ လူသိများတဲ့ ညကိုးနာရီသတင်းကို တာဝန်ယူနေရသူပါ။ တစ်နေ့ ရုပ်သံမလွှင့်ခင် သူနဲ့ပဲ စကားပြောချင်တယ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဆီက ဖုန်းဝင်လာပါတယ်။ ဖုန်းထဲက အမျိုးသမီးက လူတစ်ယောက် သူ့ကို သတ်တော့မယ်၊ သူ့သမီးကိုလည်း သတ်သွားပြီလို့ ပြောပြီး သူသေသွားခဲ့ရင် ဆယ်ရာကိုယ်တိုင် သတင်းကြေညာပေးဖို့ တောင်းဆိုလာတယ်။ ဆယ်ရာက နောက်ပြောင်တဲ့ဖုန်းလို့ ထင်လိုက်ပေမယ့် စိတ်ထဲမှာတော့ မတင်မကျ ဖြစ်နေပါတယ်။ သမီးကို အောင်မြင်ကျော်ကြားစေချင်တဲ့ အမေ ဆိုဂျောင်က ဖုန်းထဲမှာ ပြောခဲ့တဲ့ လိပ်စာအတိုင်း သွားကြည့်ဖို့ အကြံပေးတယ်။ ဆယ်ရာ အဲဒီအိမ်ကို သွားကြည့်တဲ့အခါ အမျိုးသမီးနဲ့ သူ့သမီး သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။ အဲဒီနောက်မှာတော့ သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ ပုံရိပ်တွေကို သရဲလို ဆက်တိုက်မြင်လာရပြီး ဆယ်ရာရဲ့ အလုပ်ကိုပါ ထိခိုက်လာတယ်။ ဒါကြောင့် အဲဒီအမျိုးသမီးကို ကုသပေးခဲ့တဲ့ စိတ်ရောဂါကုဆရာဝန် အင်ဟိုနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆရာဝန်ဟာ ဒီအမှုနဲ့ ပတ်သက်နေတယ်လို့ သိလာတဲ့အခါ သူ့အပေါ် ဆယ်ရာ သံသယဝင်လာတယ်။ ဆယ်ရာအဖြစ် Chun Woo-Hee၊ အမေ ဆိုဂျောင်အဖြစ် Lee Hye-Young နဲ့ ဆရာဝန် အင်ဟိုအဖြစ် Shin Ha-Kyun တို့ ပါဝင်ထားပါတယ်။ ပြည့်စုံနေသလို ထင်ရတဲ့ သတင်းကြေညာသူတစ်ယောက် စိတ်ပိုင်းဆိုင်ရာ ယိုင်လဲလာပုံအပြင် မိဘနဲ့ သားသမီးတွေရဲ့ အတွင်းစိတ်ခံစားချက်တွေကိုပါ ဖော်ပြထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း