ဇာတ်ကားများ ရွေးရန်

World War Z

2013ဇာတ်ကားအမှတ် 6.8/10116 မိနစ်4K

လူတွေကို ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားစေတဲ့ ရောဂါပိုးတစ်မျိုး ပျံ့နှံ့လာပြီး ကမ္ဘာတစ်ဝန်း အခြေအနေတွေ အချိန်တိုအတွင်း ဆိုးရွားသွားပါတယ်။ ကူးစက်ခံရသူဟာ စက္ကန့်ပိုင်းအတွင်း ပြောင်းလဲသွားသလို ပိုးပြန့်ပွားနှုန်းကလည်း မြန်လွန်းတာကြောင့် လူထောင်ချီ၊ သိန်းချီကို အချိန်ခဏအတွင်း ကူးစက်နိုင်နေတယ်။ နိုင်ငံတစ်နိုင်ငံပြီးတစ်နိုင်ငံ လူတွေ မျိုးတုံးသွားနိုင်တဲ့အထိ အန္တရာယ်ကြီးလာပါတယ်။ ဒီလိုအခြေအနေမှာ Brad Pitt သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်နဲ့ သူ့အဖွဲ့ဟာ ရောဂါရဲ့ဇစ်မြစ်နဲ့ ပိုးအမျိုးအစားကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားကြရတယ်။ ကာကွယ်ဆေး ထုတ်နိုင်မယ့်နည်းကိုလည်း ရှာဖွေရဦးမှာပါ။ Max Brooks ရဲ့ World War Z ဝတ္ထုကို အခြေခံထားပြီး ၂၀၁၃ ခုနှစ် ဇွန်လမှာ ရုံတင်ခဲ့တဲ့ ထိတ်လန့်သည်းဖိုရုပ်ရှင်ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း