ဇာတ်ကားများ ရွေးရန်

Maqbool

2003ဇာတ်ကားအမှတ် 7.1/10132 မိနစ်

မီယန်မက်ဘူးဟာ မွမ်ဘိုင်းက မာဖီယားခေါင်းဆောင် ပါပါကြီးရဲ့ အားအကိုးရဆုံး ညာလက်ရုံးတစ်ယောက်ပါ။ တော်ပြီး ပါးနပ်တဲ့သူဖြစ်သလို ပါပါကြီးနားမှာ နေလာခဲ့တာလည်း ၂၅ နှစ်ရှိနေပြီ။ ပါပါကြီးရဲ့အသက်ကို အကြိမ်ကြိမ် ကယ်ခဲ့ဖူးတာကြောင့် ပါပါကြီးကလည်း သူ့ကို အထူးယုံကြည်အားထားတယ်။ ဒါပေမဲ့ မက်ဘူးမှာ ပါပါကြီးမသိတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေပါတယ်။ ပါပါကြီးရဲ့ အမြှောင်မယား နင်မီနဲ့ သူနဲ့က တိတ်တိတ်ပုန်း ချစ်ကြိုက်နေကြတာပါ။ မဖြစ်သင့်တဲ့ ဒီအချစ်ရေးနဲ့ ဘေးက မြှောက်ထိုးပင့်ကော်လုပ်သူတွေကြားမှာ မက်ဘူးတစ်ယောက် စိတ်အလိုလိုက်ပြီး ထင်ရာစိုင်းမိလာတယ်။ အဲဒီကနေ သူ့အတွက် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာကို ဆက်ပြထားပါတယ်။ ရည်မှန်းချက်ကို ကိုယ်ကျင့်တရားနဲ့ မထိန်းနိုင်တဲ့အခါ ကိုယ်တိုင်သာမက ဘေးကလူတွေကိုပါ ထိခိုက်ပျက်စီးစေနိုင်တဲ့အကြောင်းကို Shakespeare ရဲ့ Macbeth ပြဇာတ်နဲ့အတူ မူရင်းအညွှန်းက ဆက်စပ်ပြောထားပါတယ်။ ဆုအမျိုးမျိုးရရှိထားတဲ့ ဒီမှုခင်းဒရာမာမှာ မက်ဘူးအဖြစ် Irrfan Khan က သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း