ဇာတ်ကားများ ရွေးရန်

Good Morning, Vietnam

1987ဇာတ်ကားအမှတ် 7.3/10121 မိနစ်

ဗီယက်နမ်နိုင်ငံ နှစ်ခြမ်းကွဲနေတဲ့ကာလကို နောက်ခံထားပြီး အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရေဒီယိုဒီဂျေ အေဒရီယန်ခရိုနော်ရဲ့အကြောင်းကို အခြေခံထားပါတယ်။ Robin Williams သရုပ်ဆောင်ထားတဲ့ ခရိုနော်ဟာ ဆိုင်ဂွန်က ပြန်ကြားရေးဌာနကို ပြောင်းရွှေ့လာသူပါ။ ဇဝနဉာဏ်ကောင်းပြီး လက်တန်းပြက်လုံးတွေ ထုတ်တတ်တာကြောင့် ရောက်တဲ့နေ့ကတည်းက သူ့တင်ဆက်မှုကို နားထောင်သူတွေ ရယ်မောကြရတယ်။ ဒါပေမဲ့ ခရိုနော်ရောက်လာတာဟာ အထက်လူကြီး ဟော့ခ်နဲ့ ဒစ်ကာဆန်တို့အတွက်တော့ အလုပ်ရှုပ်စရာ ဖြစ်လာပါတယ်။ သူက စည်းမျဉ်းစည်းကမ်းကို သိပ်ဂရုမစိုက်ဘဲ အသံလွှင့်ခန်းထဲရောက်တာနဲ့ ကိုယ်လုပ်ချင်တာကို လုပ်တော့တာပါပဲ။ ဆင်ဆာဖြတ်ထားတဲ့အကြောင်းတွေကို ထည့်ဖတ်သလို အမေရိကန်စစ်တပ်ကိုလည်း လှောင်ပြောင်တတ်တယ်။ သမ္မတဟောင်းရဲ့ မိန့်ခွန်းလွှင့်နေရင်းတောင် နောက်ပြောင်မှုတွေ လုပ်တတ်ပါသေးတယ်။ အားလပ်ချိန်တွေမှာတော့ မြို့ထဲက ဗီယက်နမ်လူမျိုးတွေနဲ့ မိတ်ဖွဲ့ပြီး အင်္ဂလိပ်စာ သင်ပေးပါတယ်။ စစ်ဘေးကြားမှာ နေထိုင်နေကြသူတွေနဲ့ ခရိုနော်တို့ ခင်မင်ရင်းနှီးလာကြပေမယ့် အတူရှိရတဲ့အချိန်ကတော့ တိုတောင်းလှပါတယ်။

ဇာတ်လမ်းအကြောင်း