ဇာတ်ကားများ ရွေးရန်

Get Him Girl! (aka) Sompoy

2021ဇာတ်ကားအမှတ် 6.5/10118 မိနစ်

ဆွမ်ပွိင်နေတဲ့ မြောက်ပိုင်းက လန်းနာရွာလေးမှာ အမျိုးသမီးအများစုက ဘန်ကောက်သားတွေကို သဘောကျကြပါတယ်။ တချို့က ဘန်ကောက်သားနဲ့ အိမ်ထောင်ကျပြီး ခင်ပွန်းနဲ့အတူနေဖို့ ဘန်ကောက်ကို ပြောင်းသွားကြတယ်။ တစ်နှစ်တစ်ခါလောက် ခေါင်းဆေးမင်္ဂလာလုပ်တဲ့အချိန် ရွာပြန်လာကြရင် သက်ကြီးရွယ်အိုတွေကို ကန်တော့ကြပြီး ဆွေမျိုးတွေကလည်း တစ်အိမ်တည်းမှာ စုဝေးကြပါတယ်။ အဲဒီအခါ ဘန်ကောက်က ပြန်လာတဲ့အမျိုးသမီးတွေကို ဆွေမျိုးတွေ ဝိုင်းချီးကျူးကြတာကို နှစ်တိုင်းကြားနေရတဲ့ ဆွမ်ပွိင်လည်း ဘန်ကောက်သားတစ်ယောက်နဲ့ ဖူးစာဆုံချင်လာတယ်။ ဒါနဲ့ ရွာက အဘဆရာဆီသွားပြီး ဘန်ကောက်သားနဲ့ ဖူးစာပါမလားလို့ မေးကြည့်ပါတယ်။ ရိုးရာဝတ်စုံဝတ်ရင် တွေ့နိုင်တယ်လို့ ပြောတာကို ယုံပြီး ဝတ်ကြည့်ပေမယ့် ဘန်ကောက်သားတစ်ယောက်နဲ့မှ မတွေ့ခဲ့ဘူး။ အဲဒီည အရက်မူးပြီး ဆိုင်ကယ်စီးပြန်လာရင်း ဆိုင်ကယ်မှောက်တဲ့အခါမှ ဘန်ကောက်ကနေ လန်းနာရွာကို မှတ်တမ်းဓာတ်ပုံရိုက်ဖို့ ကားမောင်းလာတဲ့ ဝဲန်နဲ့ တွေ့သွားပါတယ်။ ဆွမ်ပွိင်က ဝဲန်ကို ချစ်မိသွားပြီး အဘဆရာဆီမှာ ကောင်းတဲ့အဆောင်များ ရနိုင်မလားဆိုပြီး နောက်တစ်ခေါက် သွားမေးတယ်။ အဲဒီမှာ အဘဆရာတို့အဖွဲ့က ရွာသားတွေရဲ့ပိုက်ဆံကိုယူပြီး အရက်သောက်နေကြတာကို တွေ့သွားပါတယ်။ နောက်နေ့မှာတော့ သူငယ်ချင်းတွေကို ခေါ်သွားပြီး သက်သေအဖြစ် ဗီဒီယိုရိုက်ယူလိုက်တယ်။ အဘဆရာအဖြစ် ဟန်ဆောင်ထားတဲ့ ဆတ်မ်ကို အဲဒီဗီဒီယိုနဲ့ ရဲတိုင်မယ်လို့ ခြိမ်းခြောက်ပြီး ဝဲန်နဲ့ ချစ်သူဖြစ်အောင် ကူညီခိုင်းပါတော့တယ်။ ဆွမ်ပွိင်က ဒီရွာကနေ ထွက်သွားချင်နေတာပါ။ ဒါပေမဲ့ ဆတ်မ်က သူ့ကို ကူညီပေးရင်းနဲ့ ဆွမ်ပွိင်ကိုယ်တိုင်ကို ချစ်မိလာတယ်။ ဆွမ်ပွိင် သဘောကျနေတဲ့ ဝဲန်နဲ့ သူ့ဘေးကနေ ကူညီပေးနေတဲ့ ဆတ်မ်တို့ကြားက သုံးပွင့်ဆိုင်အချစ်ရေးကို ပြထားတဲ့ ၂၀၂၁ ခုနှစ် ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း