ဇာတ်ကားများ ရွေးရန်

Saunkan Saunkne

2022ဇာတ်ကားအမှတ် 5.8/10150 မိနစ်

လက်ထပ်ထားတာ နှစ်အတော်ကြာပေမယ့် ကလေးမရသေးတဲ့ လင်မယားနှစ်ယောက်ဟာ ဆရာဝန်တွေဆီကနေ ပယောဂဆရာတွေအထိ နေရာစုံသွားပြီး အကူအညီရှာခဲ့ကြပါတယ်။ ဒါပေမဲ့ ဘယ်လိုမှ အဆင်မပြေဘဲ လက်လျှော့ရတော့မယ့်အချိန်မှာ ယောက္ခမက ချွေးမကို ကိစ္စတစ်ခု တိုင်ပင်လာတယ်။ သားဖြစ်သူ မျိုးဆက်ပြတ်သွားမှာစိုးလို့ နောက်အိမ်ထောင် ထပ်ပြုစေချင်တာပါ။ ဇနီးဖြစ်သူကလည်း ကိုယ့်ဘက်က ကလေးမရနိုင်တဲ့ အခြေအနေကြောင့်ရော၊ မျိုးဆက်အတွက်ပါ မတတ်သာတဲ့အဆုံး သဘောတူလိုက်ပါတယ်။ အဲဒီနောက် ခင်ပွန်းအတွက် ဒုတိယဇနီးကို သူကိုယ်တိုင် တစ်ရွာဝင်တစ်ရွာထွက် လိုက်ရှာရတော့တယ်။ ကိုယ့်ခင်ပွန်းရဲ့ နောက်မိန်းမကို ကိုယ်တိုင်ရှာပေးနေရတဲ့အဖြစ်မှာ အလွဲအမှားတွေကလည်း မနည်းပါဘူး။ နောက်တော့ အပြင်လူထက် ကိုယ့်အတွင်းလူဆို ပိုစိတ်ချရမယ်လို့ တွေးပြီး သူ့ညီမကို သတိရသွားပါတယ်။ ညီမက ဒီအကြံကို သဘောတူပါ့မလား၊ တစ်လင်နှစ်မယားဖြစ်လာရင် မိသားစုထဲမှာ ဘယ်လိုအရှုပ်အထွေးတွေ ကြုံရမလဲဆိုတာကို အချစ်ဟာသအဖြစ် ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း