ဇာတ်ကားများ ရွေးရန်

Fire Island

2022ဇာတ်ကားအမှတ် 7.2/10106 မိနစ်

နိုရာ၊ ဟောင်ဝီ၊ မက်ဇ်၊ ကီကန်နဲ့ လုခ်တို့ဟာ ကောလိပ်ကတည်းက ပေါင်းလာကြတဲ့ ဂေးသူငယ်ချင်းတစ်စုပါ။ ဘယ်လောက်ပဲ အဝေးမှာ နေနေ နှစ်တိုင်း အတူတူလုပ်ဖြစ်တဲ့ အစဉ်အလာလေးတစ်ခု သူတို့မှာ ရှိတယ်။ အဲဒါကတော့ ဂေးတွေအတွက် Disney World လို့တောင် တင်စားကြတဲ့ ဖိုင်းယားကျွန်းကို တစ်ပတ်ကြာ အပန်းဖြေခရီး ထွက်ကြတာပါ။ ကျွန်းပေါ်မှာ ကိုယ်ကြိုက်တဲ့သူနဲ့ ပျော်ပါးကြပြီး အိမ်ပြန်ရောက်ရင် အဲဒီကအကြောင်းတွေကို မေ့ထားခဲ့ဖို့ပဲ သူတို့ စိတ်ကူးထားကြတယ်။ ရေရှည်တွဲဖို့ထက် ခရီးတစ်လျှောက် ယာယီအဖော်တွေနဲ့ ပျော်ဖို့သွားကြတာပေါ့။ ဒါပေမယ့် အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဟောင်ဝီနဲ့ နိုရာတို့ ဒီခရီးမှာ နှလုံးသားရေးရာကိစ္စတွေ ကြုံလာရတဲ့အခါ ဘယ်လို ရှေ့ဆက်ကြမလဲ။ Jane Austen ရဲ့ Pride and Prejudice ကို အခြေခံထားတဲ့ ဟာသအချစ်ဇာတ်လမ်းဖြစ်ပြီး မူရင်းထဲက ကပွဲတွေကို ဒီမှာ ပါတီတွေနဲ့ အစားထိုးထားပါတယ်။ မူရင်းဇာတ်ဆောင်နှစ်ယောက်ရဲ့ နေရာမှာလည်း မာနနဲ့ အာဃာတတွေရှိနေတဲ့ ဂေးအမျိုးသားနှစ်ယောက်ကို ထည့်သွင်းပုံဖော်ထားပါတယ်။

ဇာတ်လမ်းအကြောင်း