ဇာတ်ကားများ ရွေးရန်

Apollo 10½: A Space Age Childhood

2022ဇာတ်ကားအမှတ် 7.1/1098 မိနစ်

လပေါ်ကို ပထမဆုံး ခြေချခဲ့သူဟာ Neil Armstrong မဟုတ်ဘဲ မူလတန်းကျောင်းသားလေးတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုနေမလဲဆိုတဲ့ စိတ်ကူးနဲ့ ဇာတ်လမ်းကို စထားပါတယ်။ အာကာသခရီးစဉ်တွေကို လူတွေ အာရုံစိုက်နေကြတဲ့ အဲဒီခေတ်က Huston နယ်မြေမှာလည်း နေရာတကာ အာကာသနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ပြည့်နေတယ်။ မူလတန်းကျောင်းသားလေး Stan နဲ့ တခြားကလေးအများစုရဲ့ အိပ်မက်က အာကာသယာဉ်မှူး ဖြစ်လာဖို့ပါ။ တစ်နေ့မှာ NASA က လူတချို့ Stan ကို လာတွေ့ပြီး ထူးခြားတဲ့ကိစ္စတစ်ခု ပြောပြကြပါတယ်။ အာကာသယာဉ်ထိန်းခန်း ဆောက်လုပ်ရာမှာ တွက်ချက်မှုမှားသွားလို့ သာမန်ထက် နည်းနည်းသေးသွားခဲ့တယ်။ ဒါကြောင့် အဲဒီယာဉ်ကို မောင်းပြီး လပေါ်သွားနိုင်မယ့် ကလေးတစ်ယောက်ကို ရှာနေတာပါ။ Stan ကလည်း လက်ခံလိုက်ပြီး ဇာတ်လမ်းထဲမှာ Apollo 11 မတိုင်ခင် Apollo 10½ ဆိုတဲ့ လျှို့ဝှက်ပရောဂျက်နဲ့ လပေါ်ခရီး ထွက်ဖြစ်သွားပါတယ်။ ဒီအကြောင်းကို ထုတ်ပြောခွင့်မရှိတဲ့အတွက် သူ့နေ့စဉ်ဘဝကတော့ ထူးထူးခြားခြား ပြောင်းလဲမသွားဘူး။ Stan ရဲ့အကြောင်းနဲ့အတူ အဲဒီခေတ်က အာကာသယာဉ်မှူးတွေရဲ့ လေ့ကျင့်ရေးတွေ၊ အာကာသခရီးတစ်ခုမှာ အဆင့်ဆင့် ဖြတ်သန်းရပုံတွေနဲ့ လူနေမှုပုံစံတွေကိုပါ အသေးစိတ် ထည့်ပြထားပါတယ်။ သမိုင်းဝင်ဖြစ်ရပ်တချို့ကိုလည်း မူရင်းအသံဖိုင်၊ ဗီဒီယိုဖိုင်တွေနဲ့ တွဲဖော်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း