ဇာတ်ကားများ ရွေးရန်

The Grandmother

2022ဇာတ်ကားအမှတ် 5.9/10101 မိနစ်

အဘွားကြီးတစ်ယောက် သူငယ်ချင်းအိမ်ကို အလည်သွားရာက ဇာတ်လမ်းစပါတယ်။ အိမ်ထဲရောက်တော့ သူငယ်ချင်းက ကြမ်းပြင်ပေါ်မှာ သေနေပြီ။ ဒါကိုမြင်ပေမယ့် အဘွားကြီးက မျက်နှာတစ်ချက်တောင် မပျက်ဘူး။ အခန်းထဲကနေ အဝတ်မပါဘဲ ထွက်လာတဲ့ မိန်းကလေးတစ်ယောက်ကိုတော့ အားရပါးရ ပြုံးကြည့်ပြီး အောက်ပိုင်းကို နမ်းလိုက်ပါတယ်။ အဲဒီအဘွားကြီးမှာ မော်ဒယ်လုပ်နေတဲ့ မြေးမလေးတစ်ယောက် ရှိတယ်။ မြေးမလေးရဲ့ မိဘတွေက ဆုံးပါးသွားတာ ကြာပြီဖြစ်လို့ သူတို့အဘွားနဲ့မြေး နှစ်ယောက်ပဲ ဆွေမျိုးအဖြစ် ကျန်တော့တာပါ။ တစ်နေ့မှာ အဘွားဖြစ်သူ ဦးနှောက်ထိခိုက်ပြီး ကောင်းကောင်းမလှုပ်ရှားနိုင်၊ စကားလည်း မပြောနိုင်တော့တာကြောင့် ဆရာဝန်က မြေးမလေးကို ခေါ်လိုက်တယ်။ ဒီလိုနဲ့ သူဟာ အဘွားနဲ့အတူနေပြီး ပြုစုစောင့်ရှောက်ဖို့ ဖြစ်လာပါတယ်။ ဒါပေမဲ့ နေမကောင်းတဲ့ အဘွားကို ပြုစုပေးနေရင်း ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ကြုံလာရတယ်။ Rec ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ Paco Plaza ရဲ့ ဟော်ရာကားဖြစ်ပြီး အဘွားနဲ့မြေးကြားက အခြေအနေကို အဓိကထား ရိုက်ကူးထားပါတယ်။ ရုတ်တရက် လန့်အောင် ခြောက်တဲ့အခန်းတွေကို အများကြီးမသုံးဘဲ နောက်ခံအသံနဲ့ ဖြည်းဖြည်းချင်း စိတ်မသက်မသာ ဖြစ်လာအောင် ဖန်တီးထားတယ်။ မြေးမလေးက အဘွားရဲ့ပုံကို ကြည့်နေတဲ့ အခန်းမျိုးမှာတောင် နောက်ခံအသံကို အသုံးပြုပြီး ရင်ဖိုစရာ ဖြစ်အောင် လုပ်ထားသလို ရုတ်တရက် ခြောက်လှန့်တဲ့ အခန်းတွေလည်း ပါပါတယ်။

ဇာတ်လမ်းအကြောင်း