Warming Up to You
ကိတ်ဝို့ဖ်က ကိုယ်လက်လေ့ကျင့်ပေးရာမှာ ကျန်းမာရေးကိုပဲ အဓိကထားတဲ့ တစ်ဦးချင်း လေ့ကျင့်ရေးဆရာမပါ။ ဒါကြောင့် ပေါ်ပင်နည်းတွေကို လိုက်လုပ်ချင်တဲ့ အားကစားရုံနဲ့ မကြာခဏ အမြင်မတူ ဖြစ်နေရတယ်။ နာမည်ကျော်မင်းသား ရစ်ခ်စတီးလ်ကတော့ ကိုယ်ခန္ဓာအချိုးအစားကို ဂရုမစိုက်ဘဲ စားချင်သလိုစားနေလို့ ကြွက်သားတွေ ပျောက်ပြီး ဝလာသူပါ။ တစ်နေ့မှာ ရစ်ခ်ရဲ့ စတူဒီယိုက သူ့ကို လေ့ကျင့်ပေးဖို့ ကိတ်ကို ငှားလိုက်ပါတယ်။ စတွေ့ကတည်းက အမြင်မတည့်ကြတဲ့ သူတို့နှစ်ယောက် လေ့ကျင့်ရေးအတွက် အတူအလုပ်လုပ်ကြရတဲ့အခါ ပြဿနာတွေ တစ်ခုပြီးတစ်ခု ပေါ်လာတယ်။ အဲဒီအလွဲအချော်တွေကြားမှာ အချစ်ရေးကလည်း ရောပါလာတော့ ကိုယ်လေ့ကျင့်ပေးနေတဲ့သူနဲ့ လုံးဝမတွဲဘူးလို့ ပြောထားတဲ့ ကိတ်အတွက် ဘယ်လိုအခက်အခဲတွေ ရှိလာမလဲဆိုတာ ဆက်ကြည့်ရမှာပါ။ Christie Will Wolf ရိုက်ကူးထားတဲ့ ဒီအချစ်ဒရာမာမှာ Christopher Russell နဲ့ Cindy Busby တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း