Velle
ရာဟွန်၊ ရာဂျူးနဲ့ ရမ်ဘိုတို့က ကျောင်းစာမှာ အားနည်းပေမယ့် ပေါက်တတ်ကရလုပ်ပြီး ပြဿနာရှာတဲ့နေရာမှာတော့ အတိုင်အဖောက်ညီတဲ့ အချစ်ဆုံးသူငယ်ချင်း သုံးယောက်ပါ။ သူတို့အဖွဲ့ကို R3 လို့ ခေါ်ထားကြတယ်။ ကျောင်းအုပ်ရဲ့သမီး ရီယာနဲ့ တွေ့ပြီး ခင်မင်သွားတဲ့အခါ သူတို့သုံးယောက်အဖွဲ့ကနေ လေးယောက်ပါဝင်တဲ့ R4 ဖြစ်လာပါတယ်။ ရီယာက အကဝါသနာပါပြီး အကသမား ဖြစ်ချင်သူပါ။ ဒါပေမဲ့ သူ့အဖေက အဲဒီဝါသနာကို အားမပေးဘဲ ကျောင်းစာကိုပဲ အာရုံစိုက်စေချင်တယ်။ လွတ်လွတ်လပ်လပ် နေချင်တဲ့ ရီယာဟာ အိမ်ကထွက်ပြီး အကသင်တန်းတက်ဖို့ စိတ်ကူးပေမယ့် ပိုက်ဆံက မရှိပြန်ဘူး။ ဒါကြောင့် သူငယ်ချင်းသုံးယောက်ကို သူ့အား ပြန်ပေးဆွဲသလို ဟန်ဆောင်ခိုင်းပြီး အဖေဆီက ငွေတောင်းဖို့ ကြံလိုက်ပါတယ်။ ဟန်ဆောင်ပြန်ပေးဆွဲရာကနေ ရီယာ တကယ်ပြန်ပေးဆွဲခံလိုက်ရတဲ့အခါ သူတို့အကြံအစည်က လမ်းလွဲကုန်တော့တယ်။ သူငယ်ချင်းသုံးယောက် ရီယာကို ဘယ်လိုပြန်ကယ်ကြမလဲ၊ ပိုက်ဆံရဖို့ ကြံမိရာက အခြေအနေတွေ ပိုဆိုးလာမလားဆိုတဲ့ အလွဲအချော်တွေကို ဟာသနဲ့ ဒရာမာ ရောပြီး ဆက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း