The Road to El Dorado
အယ်လ်ဒိုရာဒိုဆိုတာ ရှေးနတ်ဘုရားတွေ ဖန်ဆင်းထားခဲ့ပြီး ရွှေတွေ ပြည့်နေတဲ့ မြို့တော်ကြီးလို့ သိထားကြပါတယ်။ ဒါပေမဲ့ အဲဒီမြို့ကို ရှာတွေ့ဖို့ကတော့ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ မီဂယ်လ်နဲ့ တူလီယိုကလည်း ရတနာရှာဖွေသူတွေ မဟုတ်ဘဲ လောင်းကစားဝိုင်းမှာတောင် လိမ်ပြီး အနိုင်ယူတတ်တဲ့ အကြံအဖန်သမားနှစ်ယောက်ပါ။ တစ်ရက်တော့ လောင်းကစားလုပ်ရင်း အယ်လ်ဒိုရာဒိုကို သွားလို့ရမယ့် မြေပုံတစ်ခု သူတို့လက်ထဲ ရောက်လာတယ်။ အဲဒီနောက် ပြေးရင်းလွှားရင်းနဲ့ပဲ ရှာရခက်တယ်ဆိုတဲ့ ရွှေမြို့တော်ကြီးဆီ သူတို့နှစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားကြပါတယ်။ ရွှေတွေရှိတဲ့နေရာကို ရောက်လာပြီဆိုတော့ ဒီအကြံအဖန်သမားနှစ်ယောက် ဘယ်လိုများ ခိုးထုတ်ကြမလဲဆိုတာကို စွန့်စားခန်းနဲ့ ဟာသ ရောထားတဲ့ ကာတွန်းဇာတ်ကားထဲမှာ ဆက်တွေ့ရမှာပါ။
ဇာတ်လမ်းအကြောင်း