My Southern Family Christmas
Campbell ဟာ သူအလုပ်လုပ်တဲ့ မဂ္ဂဇင်းအတွက် ခရစ္စမတ်အထိမ်းအမှတ် ဆောင်းပါးရေးဖို့ အကြောင်းအရာရှာမရလို့ ခေါင်းစားနေပါတယ်။ အဲဒီနေ့မှာပဲ Jennifer ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဆီက အသံမက်ဆေ့ချ် ရောက်လာတယ်။ သူဟာ Campbell ရဲ့ အဖေအရင်းနဲ့ လက်ထပ်ထားသူဖြစ်ကြောင်း ပြောထားတာကြောင့် Campbell က ဖုန်းပြန်ဆက်လိုက်ပါတယ်။ Jennifer က Campbell ရဲ့အဖေဟာ သူတို့မြို့လေးမှာ ဆန်တာပုံစံတစ်မျိုးဖြစ်တဲ့ Pere Noel အဖြစ် ရွေးချယ်ခံရလို့ မိသားစုအတွက် ဂုဏ်ယူစရာသတင်းကို လှမ်းပြောတာလို့ ဆိုတယ်။ အဲဒီတော့မှ Campbell ဟာ သူတစ်သက်လုံး မသိခဲ့တဲ့ အဖေတူအမေကွဲ ညီမတွေရှိနေမှန်းပါ သိလိုက်ရပါတယ်။ အဲဒီမြို့ရဲ့ ခရစ္စမတ်ဓလေ့တွေနဲ့ အဖေ့အကြောင်းကို ဒေသခံသတင်းစာမှာ သူဖတ်နေတာကို အယ်ဒီတာက တွေ့သွားပြီး မြို့လေးရဲ့ ခရစ္စမတ်ထုံးစံတွေအကြောင်း ဆောင်းပါးရေးဖို့ တာဝန်ပေးလိုက်တယ်။ ဒီလိုနဲ့ Campbell ဟာ အဖေ့အိမ်ကို ရောက်သွားပေမယ့် မျက်နှာချင်းဆိုင် တွေ့လိုက်ရချိန်မှာ ဆွံ့အသွားပြီး သူဟာ သမီးဖြစ်ကြောင်း မပြောနိုင်ခဲ့ဘူး။ သူ့ကို ဘာကြောင့် ထားသွားခဲ့တာလဲဆိုတဲ့ အကြောင်းရင်းကိုတော့ သိချင်နေတုန်းပါပဲ။ အဖေ့ဆီက အဖြေကို ရနိုင်မလား၊ သမီးဖြစ်ကြောင်း ဖွင့်ပြောဖြစ်မလားဆိုတာတွေနဲ့အတူ မြို့ရဲ့ မှတ်တမ်းမှတ်ရာ ထိန်းသိမ်းသူနဲ့ Campbell တို့ကြားက အချစ်ရေးကလည်း ဘယ်လို ဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။
ဇာတ်လမ်းအကြောင်း