ဇာတ်ကားများ ရွေးရန်

The Twins Effect II

2004ဇာတ်ကားအမှတ် 5.0/10106 မိနစ်

အမေဇုန်ပြည်မှာ အမျိုးသားတွေကို စိတ်နာနေတဲ့ ဘုရင်မကြီးတစ်ပါးက အာဏာနဲ့ မှော်အစွမ်းကို သုံးပြီး တိုင်းပြည်ကို ထိန်းချုပ်ထားပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေကို ဖိနှိပ်ထားကြပြီး အမျိုးသားတွေဟာ ငွေနဲ့ ဝယ်ရောင်းခံရတဲ့ ကျွန်တွေလို နေကြရတယ်။ ဒီဘုရင်မကို နှိမ်နင်းနိုင်တဲ့ တစ်ခုတည်းသောနည်းက ကြယ်တာရာသူရဲကောင်းတစ်ဦးဟာ Excalibur ဓားကို ကိုင်ဆောင်ပြီး သူ့ကို သတ်ပစ်ဖို့ပါပဲ။ သူ့ကို ချေမှုန်းနိုင်သူ ရှိနေမှန်း သိထားတဲ့ ဘုရင်မကလည်း သူရဲကောင်းအလောင်းအလျာကို ရှာဖို့ တိုင်းပြည်ထဲက အမျိုးသားတွေကို လိုက်ဖမ်းနေပါတယ်။ ဒါပေမဲ့ သူရှာနေတဲ့သူက အကြောင်းအမျိုးမျိုးနဲ့ လွတ်မြောက်နေဆဲပါ။ အဲဒီသူရဲကောင်းဟာ ဘယ်သူလဲ၊ Excalibur ဓားကို ဘယ်လို ရှာတွေ့နိုင်မလဲဆိုတဲ့ ဓားရှာပုံတော်နဲ့ ဘုရင်မကို ရင်ဆိုင်ရမယ့်အကြောင်းကို ဟာသနှောပြီး ပြထားပါတယ်။ ပထမကားက သရုပ်ဆောင်တွေ ပြန်ပါလာပေမယ့် ဒီတစ်ခါ ဇာတ်ကြောင်းကတော့ လုံးဝကွဲပါတယ်။ သရုပ်ဆောင်အသစ်တွေလည်း ထပ်ပါလာပြီး ပထမကားမှာ ပါခဲ့တဲ့ Jackie Chan အပြင် Ip Man အဖြစ် လူသိများတဲ့ Donnie Yen ကိုလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် တွေ့ရမှာပါ။

ဇာတ်လမ်းအကြောင်း