When Are You Moving Out?
ကျောင်းအတူတက်ခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Tom နဲ့ Danny တို့ဟာ အခန်းဖော်တွေအဖြစ် အတူနေဖြစ်ကြပါတယ်။ Danny က ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်ပြီး ခပ်အေးအေးနေတတ်သူပါ။ Tom ကတော့ သူနဲ့ ပြောင်းပြန်၊ ပါတီလုပ်တာနဲ့ ဆေးခြောက်သောက်တာတွေကိုပဲ အချိန်ပေးနေသူ ဖြစ်တယ်။ သူငယ်ချင်းအဖြစ် ခင်ခဲ့ကြပေမယ့် တစ်အိမ်တည်းမှာ နေကြတော့ စရိုက်မတူတာတွေက ပြဿနာဖြစ်လာပါတယ်။ အကြွေးမပေးတာ၊ ပါတီတွေလုပ်တာ၊ အခန်းမရှင်းတာတွေကြောင့် နှစ်ယောက်သား စိတ်ဝမ်းကွဲလာကြတယ်။ သူငယ်ချင်းတွေ အတူနေတဲ့အခါ ဖြစ်တတ်တဲ့ အဆင်မပြေမှုတွေကို ဟာသနှောထားတဲ့ ဇာတ်ကားဖြစ်ပြီး Dan Hasson က ဒါရိုက်တာအဖြစ် ရိုက်ကူးထားသလို Tom O'Brien နဲ့အတူ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း