ဇာတ်ကားများ ရွေးရန်

The Borrowers

1997ဇာတ်ကားအမှတ် 6.0/1086 မိနစ်

ဆယ်နှစ်သားလေး ပီးတ်တို့မိသားစုဟာ လက်ရှိနေထိုင်နေတဲ့ အိမ်ကြီးကို အမွေရထားကြပေမယ့် သေတမ်းစာမရှိတာကြောင့် အိမ်ကို လက်လွှတ်ရတော့မယ့် အခြေအနေ ရောက်နေပါတယ်။ အိမ်ကို လွှဲပေးရမယ့် ရှေ့နေကလည်း အိမ်ကြီးကို ဖြိုချဖို့ စိတ်ကူးထားသူပါ။ တစ်ဖက်မှာတော့ အိမ်ထဲက ပစ္စည်းအသေးလေးတွေ မကြာခဏ ပျောက်နေလို့ ပီးတ်က ဘယ်သူ့လက်ချက်လဲဆိုတာ သိဖို့ ကြိုးစားနေတယ်။ ဘယ်လောက်စောင့်ဖမ်းဖမ်း မမိခဲ့ပေမယ့် တစ်နေ့မှာတော့ မထင်မှတ်ဘဲ လက်သည်ကို တွေ့သွားပါတယ်။ ပစ္စည်းတွေ ယူနေသူတွေက ဘော်ရိုရာလို့ခေါ်တဲ့ လူသားသေးသေးလေးတွေ ဖြစ်နေတာကြောင့် ပီးတ်လည်း အံ့ဩသွားရတယ်။ သူတို့ကလည်း ဒီအိမ်ကြီးထဲမှာပဲ နေနေကြတာပါ။ အိမ်ကနေ မကြာခင် ဆင်းပေးရတော့မယ့် ပီးတ်နဲ့ ဘော်ရိုရာလေးတွေဟာ အိမ်ကို မဆုံးရှုံးရအောင် အတူကြိုးစားကြရပါတယ်။ ဒီအချိန်မှာ သေတမ်းစာမရှိဘူးလို့ ပြောထားတဲ့ ရှေ့နေဆီမှာပဲ သေတမ်းစာရှိနေမှန်း သိလာကြတယ်။ အဲဒီစာကို ပြန်ရဖို့ ကြိုးစားရင်း ဘယ်လိုအသက်အန္တရာယ်တွေနဲ့ ကြုံရမလဲ။ ဉာဏ်ကောင်းပေမယ့် ကိုယ်လုံးသေးသေးလေးပဲရှိတဲ့ ဘော်ရိုရာတွေက ကောက်ကျစ်တဲ့ရှေ့နေကို အနိုင်ယူနိုင်ပါ့မလား၊ အိမ်ကို ဖြိုချမယ့်အရေးကိုရော ဝိုင်းကာကွယ်နိုင်ကြမလား။ ၁၉၉၇ ခုနှစ်ထွက် စိတ်ကူးယဉ်ဟာသကားဖြစ်ပြီး လူသေးသေးလေးတွေရဲ့ စွန့်စားခန်းတွေကို မိသားစုနဲ့အတူ ကြည့်နိုင်ပါတယ်။

ဇာတ်လမ်းအကြောင်း