Dual
ကောင်မလေးတစ်ယောက်ကို ဆရာဝန်က သေဖို့သေချာနေပြီလို့ ပြောလိုက်ပါတယ်။ ဘာရွေးချယ်စရာရှိသေးလဲလို့ သူမေးတော့ မြေမြှုပ်မလား၊ မီးသင်္ဂြိုဟ်မလား၊ ရေထဲမျှောမလား ရွေးလို့ရတယ်ဆိုပြီး ဆရာဝန်က ပြန်ဖြေတယ်။ အဲဒီနောက်မှာတော့ ကိုယ်သေသွားရင် ကိုယ်ချစ်ရသူတွေအတွက် ကိုယ့်ပုံတူကိုယ်ပွားတစ်ယောက် အစားထိုးထားခဲ့နိုင်တဲ့အကြောင်း ကြော်ငြာစာရွက် ပေးလိုက်ပါတယ်။ ဒီလိုနဲ့ ကောင်မလေးက ကိုယ်ပွားတစ်ယောက် ဖန်တီးလိုက်တယ်။ ကိုယ်ပွားရဲ့ ကိုယ်လုံးတီးခန္ဓာကိုယ်ကို ဆရာဝန်က မသင့်တော်တဲ့ပုံစံနဲ့ ကြည့်တာကလွဲလို့ လုပ်ငန်းစဉ်က အဆင်ပြေခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဘာလွဲမှားခဲ့လဲ မသိဘဲ သူမသေတော့ဘူးလို့ ဆရာဝန်က ပြန်ပြောလာတယ်။ အခုတော့ သူ့မှာ ကိုယ်ပွားတစ်ယောက် ရှိနေပြီး အဲဒီကိုယ်ပွားက စက်ရုပ်မဟုတ်ဘဲ လူစစ်စစ်ဖြစ်နေတာပါ။ ဖျက်သိမ်းဖို့ဆိုတာကလည်း သတ်ပစ်ရမယ့်သဘော ဖြစ်နေတယ်။ ဥပဒေအရ သေခါနီးလူမဟုတ်ရင် ကိုယ်ပွားဖန်တီးခွင့်မရှိသလို ကိုယ်ပွားမှာလည်း ရှင်သန်ခွင့်ရှိပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံး ဆက်ရှင်သန်ခွင့်မရှိတော့ အဖြေက စီးချင်းထိုးပြီး အသက်ရှင်ကျန်သူကို နေခွင့်ပေးဖို့ ဖြစ်လာတယ်။ စားပွဲပေါ်မှာ လက်နက်ငါးမျိုး ချထားပေးပြီး ကြိုက်ရာရွေးကာ တစ်ယောက်သေတဲ့အထိ တိုက်ခိုက်ရမှာပါ။ မူလလူနဲ့ ကိုယ်ပွားကြား ဘယ်သူ အသက်ရှင်ကျန်မလဲဆိုတဲ့ သိပ္ပံစိတ်ကူးယဉ်သည်းထိတ်ရင်ဖိုဇာတ်ကားမှာ Karen Gillan နဲ့ Aaron Paul တို့ ပါဝင်ထားပြီး Sundance ပွဲမှာလည်း ပြသခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း