ဇာတ်ကားများ ရွေးရန်

Without a Paddle

2004ဇာတ်ကားအမှတ် 5.6/1095 မိနစ်

၁၉၇၁ ခုနှစ်မှာ ဒီဘီကူးပါးဆိုသူဟာ ငွေတွေယူပြီး လေထီးနဲ့ ခုန်ချသွားရာက အစအနပျောက်သွားခဲ့ပါတယ်။ အက်ဖ်ဘီအိုင်တောင် ရှာမတွေ့ခဲ့သလို သေသလား၊ ရှင်သလားဆိုတာလည်း မသိရတဲ့ အဖြစ်အပျက်ပါ။ ဒီရုပ်ရှင်ထဲက ငယ်သူငယ်ချင်းလေးယောက်ကတော့ အဲဒီအကြောင်းကို စိတ်ဝင်စားပြီး ကူးပါးခုန်ချခဲ့တဲ့နေရာကို လိုက်ရှာချင်ခဲ့ကြတယ်။ အသက်ကြီးလာတော့ တစ်ယောက်တစ်နေရာစီ ကိုယ့်အလုပ်နဲ့ကိုယ် ဖြစ်နေကြပါတယ်။ သူငယ်ချင်းတစ်ယောက် မတော်တဆမှုနဲ့ ဆုံးသွားတဲ့အခါမှ ကျန်သုံးယောက် ပြန်ဆုံဖြစ်ကြတယ်။ ဂျယ်ရီက ဘဝကို ငြီးငွေ့နေပြီး ချစ်သူနဲ့လည်း အဆင်မပြေဘူး။ ဒန်နိုက ဆရာဝန်ဖြစ်ပေမယ့် အလွန်ကြောက်တတ်၊ ရှက်တတ်ပြီး ချစ်သူမရှိသေးသူပါ။ တွန်မီကတော့ ဘဝကို ပရမ်းပတာ ဖြတ်သန်းနေတဲ့ လူဆိုးလူပေတစ်ယောက်ပေါ့။ သူငယ်ချင်းရဲ့ ဈာပနကို လာရင်း ငယ်ငယ်က နေခဲ့ကြတဲ့ သစ်ပင်အိမ်လေးထဲ ဝင်ကြည့်မိကြတယ်။ အဲဒီမှာ ဆုံးသွားတဲ့သူငယ်ချင်းက ကူးပါးနဲ့ သူ့ပိုက်ဆံတွေကို ရှာတွေ့နိုင်ဖို့ သဲလွန်စတွေ၊ မြေပုံတွေ စုထားတာ တွေ့သွားပါတယ်။ သူတို့အတူ ခရီးထွက်ကြဖို့ပါ စီစဉ်ထားခဲ့တာကို သိလိုက်ရတော့ ကျန်တဲ့သုံးယောက်က သူ့ဆန္ဒကို ဖြည့်ပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ ငယ်ဘဝက စိတ်ကူးခဲ့တဲ့ ပိုက်ဆံရှာခရီးကို ထွက်လာကြပြီး လမ်းတစ်လျှောက် အလွဲအချော်တွေ၊ ပေါက်ကရအဖြစ်တွေကြားမှာ စွန့်စားကြရပါတော့တယ်။

ဇာတ်လမ်းအကြောင်း