Eating Our Way to Extinction
နေ့စဉ်အသက်ရှင်ဖို့ စားသုံးနေတဲ့ အစားအစာတွေက လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ဘယ်လိုခြိမ်းခြောက်လာနိုင်သလဲဆိုတဲ့ မေးခွန်းကို ဒီမှတ်တမ်းရုပ်ရှင်က တင်ပြထားပါတယ်။ ကမ္ဘာ့လူဦးရေ တိုးလာတာနဲ့အမျှ စားနပ်ရိက္ခာလိုအပ်ချက်လည်း များလာပြီး အသားစားသုံးမှု မြင့်တက်လာတာကြောင့် မွေးမြူရေးလုပ်ငန်းတွေ ကမ္ဘာတစ်ဝန်း ပိုမိုတွင်ကျယ်လာပါတယ်။ အဲဒီလုပ်ငန်းတွေရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို နှစ်ပေါင်းများစွာ ပြုလုပ်ထားတဲ့ သုတေသနရလဒ်တွေနဲ့ အစီရင်ခံစာတွေကို ကိုးကားပြီး တင်ဆက်ထားတာပါ။ ကိတ်ဝင်းစလတ်က နောက်ခံစကားပြောသူအဖြစ် ပါဝင်ပြီး နိုင်ငံအသီးသီးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေ၊ မိုးလေဝသပညာရှင်တွေနဲ့ အာဟာရပညာရှင်တွေလည်း ပါဝင်ဆွေးနွေးထားပါတယ်။ မွေးမြူရေးလုပ်ငန်းနဲ့ ဆက်စပ်တဲ့ သစ်တောနဲ့ ရေသယံဇာတပြုန်းတီးမှု၊ ကမ္ဘာကြီးပူနွေးလာမှု၊ တိရစ္ဆာန်ကနေ လူဆီကူးစက်တဲ့ ကပ်ရောဂါတွေအကြောင်းကို ဖော်ပြထားသလို ငါးမွေးကန်လုပ်ငန်းနဲ့ အဏ္ဏဝါဇီဝမျိုးစိတ်တွေ မျိုးတုန်းမှုကြားက ဆက်နွယ်မှုကိုလည်း ဆွေးနွေးထားပါတယ်။
ဇာတ်လမ်းအကြောင်း