ဇာတ်ကားများ ရွေးရန်

Kumanthong

2019ဇာတ်ကားအမှတ် 5.1/10100 မိနစ်

သစ်ပင်တစ်ပင်အောက်မှာ အမေနဲ့အတူ ရပ်နေတဲ့ကောင်လေးဟာ အမေ့ကို မြွေပေါက်တော့မယ့်အချိန်မှာ အစားဝင်ခံလိုက်ပါတယ်။ မြွေဆိပ်ကြောင့် သေဆုံးသွားပေမယ့် နတ်ဆရာအဖြစ် ရွေးချယ်ခံရပြီး အသက်ပြန်ဝင်လာခဲ့တယ်။ ဒါပေမယ့် အမေကတော့ သားသေဆုံးသွားတဲ့အတွက် ဖြေမဆည်နိုင်ဘဲ ကိုယ့်အသက်ကိုယ် အဆုံးစီရင်သွားခဲ့ပါပြီ။ အမေ့ကို ပြန်ရချင်တဲ့ကောင်လေးဟာ နတ်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားလာပါတယ်။ ဗီယက်နမ်က ကွင်းဆက်လူသတ်သမားတစ်ဦးရဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး စိတ်ကူးဖြည့်စွက်ရိုက်ကူးထားတဲ့ Horror၊ Thriller ရုပ်ရှင်ပါ။ ရှေးနတ်ယုံကြည်မှုတွေ၊ ယဇ်ပူဇော်မှုတွေနဲ့ ကွင်းဆက်လူသတ်မှုတွေကို ချိတ်ဆက်ထားပြီး ဗီယက်နမ်နတ်ဆရာတွေရဲ့ ဆေးကုသပုံတွေကိုလည်း ထည့်သွင်းပုံဖော်ထားပါတယ်။

ဇာတ်လမ်းအကြောင်း