ဇာတ်ကားများ ရွေးရန်

Inhuman Kiss 2

2023ဇာတ်ကားအမှတ် 4.7/10123 မိနစ်

ခုတ်အီနွန်ရွာက ခေါင်းပြတ်သရဲမ သေဆုံးသွားပြီး ၂၂ နှစ်အကြာမှာ နွိုင်းမှာ ဆောင်ဆိုတဲ့ သမီးလေးတစ်ယောက် ရှိနေပါပြီ။ ဆောင်က ငယ်ငယ်ကတည်းက ခေါင်းပြတ်သရဲမ ဖြစ်နေသူပါ။ သူ့အခြေအနေကို ထိန်းချုပ်နိုင်ဖို့ နွိုင်းနဲ့ ဖာသာဩဂတ်စ်တင်တို့က ဆေးဖက်ဝင်အပင်တွေကို သုံးပြီး ဆေးတွေ ဖန်တီးပေးထားကြတယ်။ ဖာသာရဲ့ မွေးစားသား ခလောက်ကတော့ သူ့ကိုယ်ထဲမှာ ထူးခြားတဲ့အရာတစ်ခုခု ရှိနေသူပါ။ တစ်နေ့မှာ ခလောက်နဲ့ ဆောင်တို့ တွေ့ဆုံပြီး သူငယ်ချင်းတွေ ဖြစ်လာကြတယ်။ အချိန်ကြာလာတာနဲ့ သံယောဇဉ်တွယ်ပြီး တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားကြပါတယ်။ ဒါပေမဲ့ ခေါင်းပြတ်သရဲမအကြောင်း ကောလာဟလတွေ ထွက်လာတဲ့နောက် သူ့ကို ဖမ်းချင်တဲ့ နိုင်ငံခြားသားတစ်ဖွဲ့ ပေါ်လာတယ်။ သူတို့ ဖမ်းမိသွားမလား၊ ခလောက်နဲ့ ဆောင်တို့ရဲ့ အချစ်ရေးကရော ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်ရမှာပါ။ ခလောက်အဖြစ် JJ Krissanapoom Pibulsonggram နဲ့ ဆောင်အဖြစ် Ninky Chanya McClory တို့ သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း