Love Tactics
အက်စ်လီဟာ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး Love Tactics ဆိုတဲ့ ဘလော့ဂ်ကိုလည်း ရေးနေသူပါ။ ယောက်ျားတွေက အပျော်အတွက်ပဲ ချဉ်းကပ်တတ်ကြတယ်လို့ ယုံကြည်ထားတဲ့သူမက ဘလော့ဂ်မှာ ယောက်ျားတွေကို ဘယ်လိုဆွဲဆောင်ရမလဲ၊ ဘယ်အချိန်မှာ ဘယ်လိုနည်းသုံးရမလဲဆိုတဲ့ အချစ်ရေးနည်းဗျူဟာတွေ မျှဝေလေ့ရှိပါတယ်။ ကယ်ရမ်ကတော့ ကြော်ငြာကုမ္ပဏီတစ်ခုရဲ့ ထူးချွန်တဲ့မန်နေဂျာပါ။ မိန်းကလေးတွေနဲ့ တစ်ညတာအပျော်တွဲရင်း ဘဝကို ပျော်ပျော်ဖြတ်သန်းနေပြီး မိန်းကလေးတွေရဲ့စိတ်ကို နားလည်တယ်၊ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိတယ်လို့ ခံယူထားသူဖြစ်တယ်။ အချစ်ကို အယုံအကြည်မရှိတဲ့ ဒီနှစ်ယောက်ဟာ ကိုယ့်သူငယ်ချင်းတွေနဲ့ကိုယ် လုပ်ထားတဲ့ အလောင်းအစားတွေကြောင့် ပတ်သက်လာကြရပါတယ်။ နှစ်ယောက်စလုံးရဲ့ ရည်ရွယ်ချက်က တစ်ဖက်လူကို ကိုယ့်အပေါ် ချစ်မိလာအောင် လုပ်ဖို့ပါပဲ။ ဒီလိုနဲ့ ကိုယ်သိထားတဲ့နည်းတွေကို သုံးပြီး အချင်းချင်း ပညာပြိုင်ကြတော့တယ်။ ဘယ်သူက အလောင်းအစားနိုင်မလဲ၊ သူများကို ချစ်မိအောင်လုပ်နေတဲ့ သူတို့ကိုယ်တိုင်ကရော တကယ်ချစ်သွားနိုင်မလား။ ၂၀၂၂ ခုနှစ်ထွက် တူရကီအချစ်ဒရာမာဇာတ်ကားဖြစ်ပြီး မိန်းမတွေက ပွဲတစ်ပွဲရဲ့ အသေးစိတ်ကို ကြည့်တတ်ကြသလို ယောက်ျားတွေကတော့ ခြုံငုံမြင်ပြီး အဲဒီပွဲကပေးတဲ့ခံစားချက်ကို ပိုအလေးထားတတ်ကြတယ်ဆိုတဲ့ စကားလည်း ဇာတ်ကားထဲမှာ ပါပါတယ်။
ဇာတ်လမ်းအကြောင်း