Manchurian Tiger
မေလင်ဟာ မီးဖွားခါနီး ကိုယ်ဝန်နေ့စေ့လစေ့ဖြစ်နေပြီး ခင်ပွန်းဖြစ်သူ ရွှီတုန်းကတော့ ခွေးချစ်သူတစ်ယောက်ပါ။ ကလေးမွေးလာတဲ့အခါ ခွေးကိုပါ ဆက်မွေးဖို့ အဆင်မပြေတာကြောင့် ရွှီတုန်းက သူ့ခွေးလေးကို မာချန်လီဆီ အပ်လိုက်တယ်။ မာချန်လီဟာ အကြွေးတွေပိနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး ကံမကောင်းစွာနဲ့ ခွေးလေးက သူ့လက်ထဲမှာ သေသွားခဲ့ပါတယ်။ ဒေါသထွက်နေတဲ့ ရွှီတုန်းက မာချန်လီကို လက်စားချေဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် ကြိုးစားတိုင်း မအောင်မြင်ဘဲ မာချန်လီဟာ သူထင်ထားသလိုလူမျိုး မဟုတ်ကြောင်းကိုပဲ တဖြည်းဖြည်း သိလာရတယ်။ အဲဒီအချိန်မှာ မေလင်ကလည်း သူ့ခင်ပွန်းရဲ့လျှို့ဝှက်ချက်တစ်ခုကို မထင်မှတ်ဘဲ သိသွားပါတယ်။ တရုတ်ဟာသဒရာမာဇာတ်ကားဖြစ်ပြီး ရယ်စရာလိုမြင်ရပေမယ့် ခါးသီးနေတတ်တဲ့ ဘဝအဖြစ်တွေကို ပြထားတယ်။ ရှားပါးတဲ့ကျားကို ထိန်းသိမ်းဖို့ တိရစ္ဆာန်ရုံမှာ လှောင်ထားသလို လူတွေရဲ့စိတ်ထဲမှာလည်း ပိတ်လှောင်ထားတဲ့သားရဲတစ်ကောင် ရှိနေတတ်တယ်ဆိုတဲ့ သဘောကို ခေါင်းစဉ်နဲ့ ဆက်စပ်ဖော်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း