ဇာတ်ကားများ ရွေးရန်

Horror Stories 3

2016ဇာတ်ကားအမှတ် 6.1/1094 မိနစ်

ညသန်းခေါင်မှာ လူနှစ်ယောက် တောအုပ်ထဲ လမ်းပျောက်နေကြပါတယ်။ လမ်းရှာရင်း တောလမ်းအဆုံးမှာ အိမ်တစ်ဆောင်တွေ့တော့ တစ်ညတာနားခိုဖို့ ဝင်သွားကြတယ်။ အဲဒီအိမ်မှာ နေသူတွေက ယောက္ခထီးနဲ့ ချွေးမနှစ်ယောက်တည်းပါ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီညက ချွေးမရဲ့ခင်ပွန်း သေဆုံးခဲ့တဲ့နှစ်ပတ်လည်လည်း ဖြစ်နေပါတယ်။ အိမ်ရှင်တွေက သူတို့ကို တစ်ညတာနားခွင့်ပေးပေမယ့် ညလယ်စာအဖြစ် ချပေးလာတာတွေက ကလီစာဟင်းတွေ ဖြစ်နေတယ်။ တောထဲကဒီအိမ်နဲ့ အိမ်မှာနေတဲ့လူတွေဟာ ဘယ်လိုလူတွေလဲဆိုတာ သံသယဝင်စရာ ဖြစ်လာပါတယ်။ ၂၀၁၆ ခုနှစ်ထွက် ကိုရီးယားသရဲနဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်းတို သုံးပုဒ်ခန့်ကို ချိတ်ဆက်တင်ပြထားတယ်။ မူရင်းမှာ ဖော်ပြထားတဲ့ ဇာတ်လမ်းတိုခေါင်းစဉ်တွေက “မားစ်ဂြိုဟ်က မိန်းကလေး”၊ “လမ်းမထက်က ဒေါသမီး” နဲ့ “စက်ရုပ်ဝိညာဉ်” တို့ပါ။ ထိတ်လန့်စရာတွေအပြင် ရွံရှာဖွယ်အခန်းတွေလည်း ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း