Shark Bait
သူငယ်ချင်းတစ်စု ကမ်းခြေကို အပန်းဖြေခရီးထွက်လာပြီး မူးရူးပျော်ပါးကြရာက ဇာတ်လမ်းစပါတယ်။ ပျော်နေကြတဲ့အရှိန်နဲ့ ရှေ့နောက်မဆင်ခြင်ဘဲ စပိဘုတ်တွေပေါ်တက်ပြီး ပင်လယ်ထဲ ထွက်လာကြတယ်။ ကမ်းနဲ့ အတော်ဝေးတဲ့နေရာမှာ မတော်တဆမှုဖြစ်သွားတဲ့အခါ ပျော်စရာခရီးကနေ အသက်ရှင်ဖို့ ရုန်းကန်ရတဲ့အဖြစ်ကို ရောက်သွားကြပါတယ်။ ပင်လယ်ထဲမှာ အခက်တွေ့နေတုန်း ငါးမန်းဖြူကြီးတစ်ကောင်ပါ ရောက်လာတော့ သူတို့အတွက် ပိုဆိုးသွားတယ်။ ကမ်းနဲ့လည်းဝေး၊ ငါးမန်းရန်ကလည်း ရှောင်ရမယ့်အခြေအနေမှာ အသက်ဘေးက လွတ်ဖို့ ကြိုးစားကြရပါတယ်။ ၂၀၂၂ ခုနှစ်ထွက် ဒီဇာတ်ကားက ကမ်းခြေခရီးနဲ့ ငါးမန်းအန္တရာယ်ကို တွဲထားတဲ့ ရင်းနှီးပြီးသားဇာတ်အိမ်မျိုးပါ။ ဇာတ်လမ်းက ရိုးရှင်းပြီး ခန့်မှန်းရလွယ်ပေမယ့် ငါးမန်းရုတ်တရက်ပေါ်လာတဲ့အခန်းတွေနဲ့ အသက်ရှင်ဖို့ ကြိုးစားရတဲ့အခန်းတွေကို အဓိကထားထားပါတယ်။ ကြာချိန်က တစ်နာရီခွဲခန့်ရှိတဲ့ အသက်လုရုန်းကန်မှု သည်းထိတ်ရင်ဖိုကားတစ်ကားပါ။
ဇာတ်လမ်းအကြောင်း