ဇာတ်ကားများ ရွေးရန်

The Stairs

2021ဇာတ်ကားအမှတ် 4.1/1092 မိနစ်

၁၉၉၇ ခုနှစ်မှာ ဂျင်းနဲ့ ဂျက်ဆီမာတင်ဆိုတဲ့ မြေးအဖိုးနှစ်ယောက် အမဲလိုက်ထွက်ရင်း တောနက်ထဲမှာ လှေကားတစ်ခုနဲ့ လျှို့ဝှက်တံခါးပေါက်တစ်ခုကို တွေ့သွားကြပါတယ်။ အဲဒါကို စူးစမ်းကြည့်ရာက နှစ်ယောက်လုံး ပျောက်ဆုံးသွားတယ်။ သူတို့နေတဲ့ နယ်မြို့လေးမှာ ဒီသတင်းက ဟိုးလေးတကျော်ဖြစ်ခဲ့ပြီး အဖိုးက စိတ်ဖောက်ပြန်လို့ မြေးကို ရောင်းလိုက်တာလား၊ တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့ တိုက်ခိုက်မှုကိုပဲ ခံလိုက်ရတာလားဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် အဖြေမရဘဲ နှစ်ပေါင်းနှစ်ဆယ် ကြာသွားတယ်။ နှစ်နှစ်ဆယ်အကြာမှာ သူငယ်ချင်းငါးယောက်က ငါးရက်တာ စခန်းချအပန်းဖြေဖို့ အဲဒီတောထဲကို ခြေလျင်ခရီးထွက်လာကြပါတယ်။ ပျော်ပျော်ရွှင်ရွှင် လာခဲ့ကြပေမယ့် လမ်းတစ်လျှောက်မှာ စိတ်ခြောက်ခြားစရာတွေ တစ်ခုပြီးတစ်ခု ကြုံလာရတယ်။ ပြန်လှည့်ဖို့ သတိပေးနေသလို ဖြစ်နေပေမယ့် သူတို့ကတော့ ရှေ့ဆက်သွားကြပါတယ်။ ဒီလိုနဲ့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က လှေကားနဲ့ လျှို့ဝှက်ဝင်ပေါက်ကို သူတို့ပါ တွေ့သွားပြီး လူသားကို အမြဲဆာလောင်နေတဲ့ သတ္တဝါဆိုးကြီးတစ်ကောင်နဲ့ ရင်ဆိုင်ရပါတော့တယ်။ ဒီနေရာက မြေးအဖိုးနှစ်ယောက် ပျောက်ဆုံးခဲ့တာနဲ့ ဘယ်လိုဆက်စပ်နေလဲ၊ သူတို့ငါးယောက်ကရော အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း