Chip 'n Dale: Rescue Rangers
ဟိုးအရင် ဒစ္စနေးရဲ့ Chip 'n Dale: Rescue Rangers ကာတွန်းဇာတ်လမ်းတွဲထဲက ရှဉ့်ငရှုပ်နှစ်ကောင်ကို ဒီရုပ်ရှင်မှာ အဓိကဇာတ်ကောင်တွေအဖြစ် ပြန်တွေ့ရပါတယ်။ သူတို့နှစ်ကောင်တင်မကဘဲ ၉၀ ပြည့်နှစ်ဝန်းကျင်က ကာတွန်းဇာတ်ကောင်တွေလည်း ဧည့်သည်ဇာတ်ကောင်အဖြစ် ပါလာကြတယ်။ ဇာတ်အိမ်ကို ကာတွန်းဇာတ်ကောင်တွေ နေထိုင်တဲ့ကမ္ဘာမှာ တည်ထားပြီး လူတွေလည်း အနည်းငယ် ပါဝင်ပါတယ်။ ဧည့်သည်ဇာတ်ကောင်တွေက ဒစ္စနေးက ဇာတ်ကောင်တွေချည်းမဟုတ်ပါဘူး။ ဝါနာဘရားသား၊ Comedy Central၊ ပါရာမောင့်နဲ့ တခြားကုမ္ပဏီတွေရဲ့ ဇာတ်ကောင်တွေလည်း ပါတယ်။ ကာတွန်းအဟောင်းတွေကို ပြန်အမှတ်ရစေတဲ့ အကြောင်းအရာတွေကြားမှာ လက်ရှိရုပ်ရှင်တွေကို သရော်ထားတဲ့ဟာသတွေလည်း ထည့်ထားပါတယ်။ ရှဉ့်နှစ်ကောင်ထဲက တစ်ကောင်ကို မူလကာတွန်းပုံစံအတိုင်း ထားပြီး နောက်တစ်ကောင်ကိုတော့ CGI သုံးထားတဲ့ 3D ပုံစံနဲ့ ဖန်တီးထားတယ်။ ဒါကြောင့် ဇာတ်ကားတစ်ကားတည်းမှာ ကာတွန်းပုံစံအဟောင်းနဲ့ အခုခေတ်ရုပ်ထွက်ကို တွဲတွေ့ရပါတယ်။
ဇာတ်လမ်းအကြောင်း