The Lost City
လော်ရက်တာဆိုတဲ့ စာရေးဆရာမဟာ ကောလိပ်ကျောင်းသူဘဝက ရှေးဟောင်းစာပေတွေ လေ့လာခဲ့သူပါ။ ရှေးသုတေသနပညာရှင်ဖြစ်တဲ့ ခင်ပွန်းဆုံးပါးသွားပြီးနောက် ရှေးဟောင်းသမိုင်းအကြောင်းတွေ ရေးသားထုတ်ဝေခဲ့ပေမယ့် လူကြိုက်မများခဲ့ဘူး။ ဒါနဲ့ သမိုင်းအကြောင်း နည်းနည်းကို အဖော်အချွတ်များတဲ့ အချစ်ဇာတ်လမ်းတွေနဲ့ ရောရေးလိုက်တော့မှ စာရေးဆရာမအဖြစ် အောင်မြင်လာပါတယ်။ သူ့စာအုပ်ထဲမှာ ပါတဲ့ သမိုင်းအချက်အလက်တချို့နဲ့ ရှေးဟောင်းစာပေဘာသာပြန်တွေဟာ အစစ်အမှန်တွေဆိုတာကို ရတနာသိုက်မုဆိုးတစ်ယောက်က သိသွားတယ်။ အဲဒီလူက လော်ရက်တာကို ဖမ်းခေါ်ပြီး ပျောက်ဆုံးနေတဲ့ ရှေးဟောင်းမြို့တော်ရဲ့ ရတနာတွေရှာဖို့ အသုံးချလာပါတယ်။ လော်ရက်တာကို တိတ်တခိုးချစ်နေတဲ့ စာအုပ်မျက်နှာဖုံးမော်ဒယ် အလန်ကလည်း သူ့ကိုကယ်ဖို့ နောက်ကနေ လိုက်လာတယ်။ ဒီလိုနဲ့ တောတွင်းစွန့်စားခန်းတွေနဲ့ ရတနာရှာဖွေမှုတွေကြားမှာ အလွဲတွေနဲ့ ရင်ဆိုင်ကြရပါတယ်။ ဟာသနဲ့ အချစ်ဇာတ်လမ်းရောထားတဲ့ ဒီစွန့်စားခန်းကားမှာ ဆန်ဒရာဘူးလော့၊ ချန်းနင်းတေတမ်၊ ဘရက်ပစ်နဲ့ ဒယ်နီရယ် ရက်ကလစ်ဖ်တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း