Madhuram
ကိုယ်ချစ်ရတဲ့သူတွေ ဆေးရုံတက်နေရလို့ လူနာစောင့်ပေးကြရင်း လူတချို့ ဆုံလာကြပါတယ်။ အဲဒီကနေ မိတ်ဆွေဖြစ်လာသူတွေထဲမှာ အိမ်ထောင်သက် နှစ်ပေါင်း ၄၀ ရှိပြီဆိုတဲ့အကြောင်း ကြွားတတ်သူလည်း ပါတယ်။ ရိုးရိုးသားသား ကြိုးစားနေထိုင်တဲ့ ဆာဘူးရဲ့ ချစ်သူကို ပိုးပန်းခဲ့ရတဲ့အကြောင်းလည်း ရှိသလို ဘယ်သူ့မှာမှ အပြစ်မရှိဘဲ မပြေလည်ဖြစ်နေရတဲ့ ဆက်ဆံရေးတွေအကြောင်းလည်း ပါပါတယ်။ Madhuram ဆိုတာ Malayalam ဘာသာစကားနဲ့ ချိုမြိန်မှုလို့ အဓိပ္ပာယ်ရပါတယ်။ ဒီဇာတ်ကားကတော့ အမြဲချိုမြိန်မနေနိုင်တဲ့ ဘဝတွေကို ဆေးရုံမှာ ဆုံလာကြတဲ့ မိတ်ဆွေတွေရဲ့ အတွေ့အကြုံတွေကနေ ရိုးရိုးရှင်းရှင်း ပြောပြထားတာပါ။ သူတို့တစ်ယောက်ချင်းစီ ကိုယ့်ဘဝအခြေအနေနဲ့ အဆင်ပြေအောင် ဘယ်လိုနေထိုင်ကြမလဲဆိုတာအပြင် အိန္ဒိယရိုးရာအစားအစာတွေကိုလည်း ဇာတ်လမ်းထဲမှာ တွေ့ရပါတယ်။
ဇာတ်လမ်းအကြောင်း