ဇာတ်ကားများ ရွေးရန်

Monster Hospital

2021ဇာတ်ကား

သုံးလောကမှာ မကောင်းဆိုးဝါးတွေနဲ့ မိစ္ဆာတွေကိုပဲ ကုပေးတဲ့ ဆေးခန်းတစ်ခု ရှိပါတယ်။ ဆေးခန်းပိုင်ရှင် သမားတော်က မိစ္ဆာတစ်ဝက်၊ လူတစ်ဝက် သွေးနှောကညာပျိုတစ်ယောက်ပါ။ သွေးနှောဖြစ်နေလို့ တခြားမိစ္ဆာတွေလိုတော့ အသက်ရှည်ရှည် မနေနိုင်ဘူး။ မော့ဝမ်ဆိုတဲ့ မိစ္ဆာဆေးလုံးကို စားရရင်တော့ သူ့အသက်ရှည်နိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ တစ်နေ့မှာ ကျင်းကျွီကျွင်းဆိုတဲ့ လူယောက်ျားတစ်ယောက် ဆေးခန်းကို ရောက်လာတယ်။ ထူးခြားတာက သူဟာ မော့ဝမ်ကို ကိုယ်ဝန်လွယ်ထားတာပါပဲ။ သမားတော်လေးကလည်း သူ့အတွက် အခွင့်အရေးတစ်ခုလို့ မြင်ပြီး ကျင်းကျွီကျွင်းကို ကူညီကာ မော့ဝမ်ကို မွေးပေးလိုက်ပါတယ်။ ၂၀၂၁ ခုနှစ်ထွက် ဒီတရုတ်ဇာတ်ကားက ဒီလိုလူနာနဲ့ သမားတော်တို့ရဲ့အဖြစ်ကို ဟာသရောပြီး ပေါ့ပေါ့ပါးပါး တင်ဆက်ထားတာပါ။ မော့ဝမ်ကို မွေးပေးပြီးတဲ့နောက် သူစီစဉ်ထားသလို စားပြီး အသက်ရှည်ရှည် နေနိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း