ဇာတ်ကားများ ရွေးရန်

Mutual Relations (or) Emptiness is Nothing

2015ဇာတ်ကားအမှတ် 5.4/1090 မိနစ်

ပတ်ဆိုးမီ၊ ဟန်ရီချွန်းနဲ့ ဂျီအန်တို့ဟာ ပန်းချီသင်နေကြတဲ့ မိန်းကလေးသုံးယောက်ပါ။ ပတ်ဆိုးမီက အချစ်ရေးဘက် စိတ်ဝင်စားတတ်သူ၊ ဟန်ရီချွန်းကတော့ ရိုးရိုးအအလေးဖြစ်ပြီး ဂျီအန်က ပန်းချီဝါသနာကိုပဲ အာရုံစိုက်ထားတဲ့ တည်ငြိမ်သူတစ်ယောက်ပါ။ သူတို့ရဲ့ ပန်းချီသင်တန်းကို အပိုဝင်ငွေရဖို့ ကိုယ်လုံးတီးမော်ဒယ် လာလုပ်တဲ့ ဂျန်ဘေဟွန် ရောက်လာရာကနေ ဇာတ်လမ်းစပါတယ်။ မိန်းကလေးသုံးယောက်ထဲမှာ ဂျန်ဘေဟွန်က ဂျီအန်ကို မြင်မြင်ချင်း သဘောကျသွားတယ်။ တစ်ခါမှာတော့ ဂျီအန်ဟာ သူ့ကို သစ္စာဖောက်သွားတဲ့ ရည်းစားနဲ့ စကားများနေပါတယ်။ ဂျန်ဘေဟွန်က ဝင်ကူဖို့ ကြိုးစားရင်း အထိုးခံလိုက်ရတော့ ဂျီအန်လည်း သနားသွားတယ်။ အဲဒီကနေ ဂျီအန်တို့သူငယ်ချင်းအဖွဲ့နဲ့ ဂျန်ဘေဟွန်တို့အဖွဲ့ ခင်မင်ရင်းနှီးလာကြပါတယ်။ သူတို့ရင်းနှီးလာပြီးနောက် ဆက်ဖြစ်လာတဲ့ လူငယ်တွေရဲ့ အချစ်ရေးအကြောင်းကို ဟာသနဲ့ ရောစပ်ထားတဲ့ ကိုရီးယားဇာတ်ကားပါ။ အရွယ်ရောက်သူများအတွက် လိင်ပိုင်းဆိုင်ရာဇာတ်ဝင်ခန်းတွေ အများအပြား ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း