Riverdance: The Animated Adventure
ကီဂန်ဟာ ငယ်ငယ်ကတည်းက မိဘမရှိတော့လို့ အဘိုးနဲ့အဘွားက မွေးစားစောင့်ရှောက်ထားတဲ့ ကောင်လေးပါ။ မီးပြတိုက်စောင့်တဲ့အလုပ်လုပ်တဲ့ အဘိုးက မီးပြတိုက်ရဲ့အလင်းရောင်အကြောင်း သူ့ကို အမြဲပြောပြလေ့ရှိတယ်။ အဲဒီအလင်းရောင်ဟာ အမှောင်ထုကို သယ်ဆောင်လာမယ့် မုဆိုးကြီးကို ဟန့်တားပေးနေတဲ့အရာလို့ ဆိုပါတယ်။ အဘိုးပြောပုံအရ မီးပြတိုက်အလင်းရောင် မရှိတော့ရင် မုဆိုးကြီးက မှော်သမင်ကြီးတွေကို လိုက်ဖမ်းလိမ့်မယ်။ မှော်သမင်တွေ မရှိတော့တဲ့အခါ မြစ်ရေတွေ ခန်းခြောက်ပြီး သက်ရှိတွေအားလုံး ဒုက္ခရောက်ကြလိမ့်မယ်တဲ့။ ကီဂန်ကတော့ ဒါတွေကို ပုံပြင်တစ်ပုဒ်လိုပဲ သဘောထားပြီး မယုံခဲ့ဘူး။ တစ်နေ့မှာ အဘိုးကိုယ်စား မီးပြတိုက်ကို မီးထွန်းပေးဖို့ ပျက်ကွက်သွားတဲ့အခါ သူမယုံခဲ့တဲ့ အကြောင်းတွေကို ပြန်စဉ်းစားရဖို့ ဖြစ်လာပါတယ်။ အကအလှတွေနဲ့ ဟာသတွေပါ ရောစပ်ထားတဲ့ မှော်စိတ်ကူးယဉ် ကာတွန်းရုပ်ရှင်ပါ။
ဇာတ်လမ်းအကြောင်း