WarHunt
၁၉၄၅ ခုနှစ်မှာ အမေရိကန်စစ်လေယာဉ်တစ်စီး ဂျာမနီရဲ့ အမည်းရောင်တောအုပ်ထဲ ပျက်ကျသွားပါတယ်။ လေယာဉ်ပေါ်မှာ လျှို့ဝှက်ပစ္စည်းတစ်ခုပါနေလို့ ဆာဂျင်ဘရူဝါ ဦးဆောင်တဲ့ လူ ၁၂ ယောက်ပါ တပ်ဖွဲ့ကို လေယာဉ်ပျက်ဆီ သွားရောက်စုံစမ်းဖို့ တာဝန်ပေးလိုက်တယ်။ အဲဒီမှာ မေဂျာတစ်ယောက်ကလည်း သူ့လူ ဝပ်ရှ်ကို ခေါ်လာပြီး ပစ္စည်းပြန်ယူဖို့ဆိုကာ အမိန့်အာဏာနဲ့ တပ်ဖွဲ့ထဲ ထည့်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ လူ ၁၃ ယောက်ဖြစ်သွားတဲ့ တပ်ဖွဲ့ဟာ တောအုပ်ထဲမှာ လေယာဉ်ပျက်ကို လိုက်ရှာကြတယ်။ ဒါပေမယ့် ဆာဂျင်ထင်ထားသလို သာမန်စစ်ဆင်ရေးတစ်ခု မဟုတ်တော့ဘဲ သဘာဝလွန်ဖြစ်ရပ်တွေကို ကြုံလာရပါတယ်။ တောထဲက သွေးစုပ်ခံထားရတဲ့ အလောင်းတွေက ဘာကြောင့် ဒီလိုဖြစ်နေတာလဲ၊ ထူးဆန်းတဲ့ အမျိုးသမီးတွေကရော ဘယ်သူတွေလဲ။ အမေရိကန်နဲ့ ဂျာမန်နှစ်ဖက်စလုံး လိုချင်နေတဲ့ လျှို့ဝှက်ပစ္စည်းက ဘာလဲဆိုတာ ရှာဖွေရင်း သူတို့အားလုံး တောထဲကနေ အသက်ရှင်လျက် ပြန်ထွက်နိုင်ပါ့မလားဆိုတာပါ ပူရလာတယ်။ အက်ရှင်နဲ့ ထိတ်လန့်သည်းဖိုအမျိုးအစား ရောစပ်ထားပြီး ဆာဂျင်ဘရူဝါနေရာမှာ Prison Break ထဲက T-Bag အဖြစ် သရုပ်ဆောင်ခဲ့သူ ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း