Aline
အယ်လင်းဟာ မွေးချင်း ၁၄ ယောက်ထဲမှာ အငယ်ဆုံးဖြစ်ပြီး သူ့ကို မွေးဖွားဖို့ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ မိခင်က အစပိုင်းမှာ တွန့်ဆုတ်ခဲ့ဖူးပါတယ်။ ငယ်ငယ်ကတည်းက သီချင်းဆိုပါရမီပါလာတဲ့ အယ်လင်းကို လူတွေက သတိထားမိကြတယ်။ ပွဲတစ်ခုမှာ သူမသီချင်းမဆိုရင် မလာချင်ကြဘူးလို့ ပြောရလောက်အောင် သူ့အသံကို နှစ်သက်ကြတာပါ။ အယ်လင်းကိုယ်တိုင်လည်း တစ်နေ့မှာ အဆိုတော်ကောင်းတစ်ယောက် ဖြစ်ချင်တဲ့အကြောင်း မိခင်ကို ဖွင့်ပြောလာပါတယ်။ အယ်လင်း အသက် ၁၂ နှစ်အရွယ်မှာ မိခင်က သူ့သီချင်းကတ်ဆက်ခွေကို အနီရောင်ဖဲကြိုးလေးချည်ပြီး မန်နေဂျာ ဂီကလော့ဒ်ကမာဆီ ပို့ပေးလိုက်တယ်။ ဒီခွေလေးက သူ့အဆိုတော်ဘဝအတွက် အစခြေလှမ်းဖြစ်လာပါတယ်။ မန်နေဂျာရဲ့ လမ်းညွှန်မှု၊ ကိုယ်ပိုင်ပါရမီနဲ့ ကြိုးစားမှုတွေကြောင့် ကနေဒါမှာ နာမည်ရလာရာကနေ နိုင်ငံတကာအထိ ခြေဆန့်နိုင်မယ့် အခွင့်အရေးတွေ ပေါ်လာတယ်။ ဇာတ်လမ်းက အယ်လင်းရဲ့ ငယ်ဘဝကနေ အနုပညာလမ်းကြောင်းတစ်လျှောက် ကြိုးစားရပုံနဲ့ ကြုံရတဲ့အခက်အခဲတွေကို ဆက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း