Feeling Butterflies
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်က မြို့လေးတစ်မြို့မှာ အမ်မလီမယ်ရီပိုဆာဟာ သူငယ်ချင်းတစ်ယောက်နဲ့အတူ လိပ်ပြာမွေးမြူတဲ့အလုပ် လုပ်ပါတယ်။ မွေးထားတဲ့လိပ်ပြာတွေကို မွေးနေ့ပွဲ၊ မင်္ဂလာဆောင်လို ပွဲတွေမှာ လွှတ်ပေးရတာပါ။ အရင်အချစ်ရေးမှာ ကံမကောင်းခဲ့တဲ့ အမ်မလီအတွက် နောက်တစ်ကြိမ် ပြန်ရင်ခုန်ဖို့က မလွယ်တော့ဘူး။ ဒါပေမယ့် မွေးနေ့ပါတီတစ်ခုမှာ လိပ်ပြာလွှတ်ပေးဖို့ တာဝန်ယူရင်း ကလေးကို တစ်ယောက်တည်း ပြုစုစောင့်ရှောက်နေတဲ့ ဖခင် ဂဲရက်နဲ့ ဆုံမိလာပါတယ်။ နောက်တော့ နာမည်ကြီးမော်ဒယ်တစ်ယောက်ရဲ့ မင်္ဂလာပွဲအတွက် လိပ်ပြာအကောင် ၅၀၀ လွှတ်ပေးရမယ့်အလုပ်ကို အမ်မလီ လက်ခံရတယ်။ ဒီအလုပ်မှာ ဂဲရက်တို့သားအဖကပါ ဝင်ကူပေးလာတဲ့အခါ သူတို့ကြားမှာ အချစ်တစ်ခု စတင်လာနိုင်ပါ့မလား။ သူတို့အကြောင်းနဲ့အတူ လိပ်ပြာတွေကို ဂရုတစိုက် စောင့်ကြည့်မွေးမြူရပုံ၊ သဘာဝပတ်ဝန်းကျင်နဲ့ ဆက်စပ်နေပုံတွေအပြင် အရောင်အသွေးစုံတဲ့ လိပ်ပြာအမျိုးအစားတွေကိုလည်း တွေ့ရပါတယ်။
ဇာတ်လမ်းအကြောင်း