Super Salaryman
ကုန်စျေးနှုန်းတွေ တက်နေတဲ့အချိန်မှာ စားဝတ်နေရေးအတွက် ပိတ်ရက်မရှိသလောက် အလုပ်လုပ်နေရပေမယ့် ရှာသမျှက မလောက်ကြဘူး။ ပန့်တို့ကုမ္ပဏီက ဝန်ထမ်းတွေလည်း နှစ်ကုန်အပိုဆုငွေရမယ့်အချိန်ကို မျှော်နေကြပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာပဲ ကိုရီးယားကုမ္ပဏီဘက်က အချိန်တိုအတွင်း ထုတ်ကုန်အသစ်တစ်ခု ထုတ်ပေးဖို့ တောင်းဆိုလာတယ်။ သတ်မှတ်ချိန်အမီ မပြီးရင် နှစ်ကုန်အပိုဆုငွေ မရနိုင်ဘူးဆိုတဲ့ စကားကြောင့် ဝန်ထမ်းတွေအတွက် ဖိအားပိုများလာပါတယ်။ ပန့်၊ နွတ်၊ ဂျီနဲ့ ဝိုင်တို့ဟာ မျှော်လင့်ထားတဲ့ အပိုဆုငွေအတွက် အချိန်မီအောင် လုပ်ရတော့မယ်။ သူတို့ရဲ့ ထုတ်ကုန်အသစ်ကို စျေးကွက်ထဲ ဘယ်လိုထိုးဖောက်ကြမလဲဆိုတာကို ဟာသနဲ့ ဒရာမာရောပြီး တင်ဆက်ထားပါတယ်။ ပန့်အဖြစ် Jesadaporn Pholdee၊ နွတ်အဖြစ် Jirapha Wongkosawan၊ ဂျီအဖြစ် Setthapong Piangpor နဲ့ ဝိုင်အဖြစ် Natchalai Sukamongkol တို့ ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း