ဇာတ်ကားများ ရွေးရန်

Crimes of the Future

2022ဇာတ်ကားအမှတ် 6.2/10107 မိနစ်

အနာဂတ်တစ်ချိန်မှာ လူသားတွေရဲ့ ဆင့်ကဲပြောင်းလဲမှုဟာ ထူးခြားတဲ့အဆင့်ကို ရောက်လာပါတယ်။ “အလွန်မြန်ဆန်စွာ ဆင့်ကဲပြောင်းလဲမှုရောဂါ” လို့ ခေါ်ကြတဲ့ ဒီအခြေအနေမှာ လူတွေဟာ နာကျင်မှုကို မခံစားရတော့သလို ကူးစက်မှုတွေလည်း မရှိတော့ပါဘူး။ နာကျင်မှုမရှိတော့တာက ကောင်းတယ်လို့ ထင်စရာရှိပေမယ့် ခန္ဓာကိုယ်ကို အန္တရာယ်ရှိနေကြောင်း သတိပေးတဲ့အရာလည်း ပျောက်သွားတာမို့ ဒဏ်ရာတွေ ပိုဆိုးလာနိုင်ပါတယ်။ ဆောလ်ကတော့ နာကျင်မှုကို ခံစားနေရသေးတဲ့သူပါ။ အဲဒီဝေဒနာတွေကြောင့် စက်အကူအညီနဲ့ နေထိုင်ရပြီး သူ့ခန္ဓာကိုယ်ထဲမှာလည်း အမည်မသိ ကိုယ်အင်္ဂါအသစ်တွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်။ သူက အဲဒီအင်္ဂါတွေကို တစ်ခုပြီးတစ်ခု ဖြတ်ထုတ်ရသလို ဖြတ်ထုတ်ပုံကို သရုပ်ပြအနုပညာအဖြစ် လူတွေရှေ့မှာ တင်ဆက်ရင်း နာမည်ကြီးလာပါတယ်။ တစ်နေ့မှာတော့ မိခင်တစ်ယောက်က သူ့သားလေးကို သတ်ပြီး အလောင်းကို ကလေးရဲ့ဖခင်ဆီမှာ ထားခဲ့တယ်။ အဲဒီဖခင်က ဆောလ်ကို လာတွေ့ပြီး သူ့ကလေးကို လူအများရှေ့မှာ ရင်ခွဲစစ်ဆေးပေးဖို့ တောင်းဆိုလာပါတယ်။ ခရစ္စတင်း စတီးဝပ် ပါဝင်တဲ့ သိပ္ပံစိတ်ကူးယဉ်ထိတ်လန့်ဇာတ်ကားဖြစ်ပြီး အဖော်အချွတ်နဲ့ ခန္ဓာကိုယ်ဖြတ်တောက်ခန်းတွေ ပါဝင်တာကြောင့် ကလေးငယ်တွေအတွက် မသင့်တော်ပါဘူး။

ဇာတ်လမ်းအကြောင်း