ဇာတ်ကားများ ရွေးရန်

Dashcam

2022ဇာတ်ကားအမှတ် 5.1/1080 မိနစ်

ကိုဗစ်ကာလ အသွားအလာကန့်သတ်ထားချိန်မှာ အန်နီဟာ ကားမောင်းရင်း တိုက်ရိုက်ထုတ်လွှင့်ပြီး သီချင်းလက်တန်းရွတ်ဆိုပြတတ်သူပါ။ တစ်ရက်မှာ အမေရိကန်ကနေ အင်္ဂလန်မှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ဆီ အလည်သွားပါတယ်။ ဒါပေမယ့် သူငယ်ချင်းနဲ့ ပြဿနာတက်ပြီး ကားကိုခိုးသွားခဲ့တယ်။ လမ်းမှာ အဘွားကြီးတစ်ယောက်ကို လိုက်ပို့ပေးဖို့ အကူအညီတောင်းခံရလို့ အန်နီက လိုက်ပို့ပေးလိုက်ပါတယ်။ အဲဒီအဘွားကြီးကတော့ သာမန်အဘွားကြီးတစ်ယောက် မဟုတ်နေခဲ့ပါဘူး။ ဇာတ်ကားတစ်လျှောက် အန်နီက တိုက်ရိုက်ထုတ်လွှင့်နေပြီး ကားရှေ့မှာ တပ်ထားတဲ့ကင်မရာကနေ မြင်ရသလို ပုံစံနဲ့ ဇာတ်လမ်းကို တင်ပြထားပါတယ်။ သူကြုံနေရတဲ့အဖြစ်တွေကို တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကနေ လိုက်ကြည့်နေရသလို ရိုက်ကူးထားတဲ့ ထိတ်လန့်ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း