ဇာတ်ကားများ ရွေးရန်

Good Luck to You, Leo Grande

2022ဇာတ်ကားအမှတ် 7.0/1097 မိနစ်

လီယိုဟာ လိင်လုပ်သားအဖြစ် အသက်မွေးဝမ်းကျောင်းပြုပြီး ကိုယ့်ဘဝနဲ့ ကိုယ့်အလုပ်အပေါ် ဂုဏ်ယူတဲ့ လူငယ်တစ်ယောက်ပါ။ တစ်နေ့မှာ သူ့ကို ငှားရမ်းလာသူက နန်စီဆိုတဲ့ အငြိမ်းစားကျောင်းဆရာမတစ်ဦး ဖြစ်နေတယ်။ ဓမ္မပညာရေးကို တစ်သက်လုံး သင်ပေးလာခဲ့တဲ့ နန်စီဟာ စိတ်လှုပ်ရှားစရာ သိပ်မရှိဘဲ ရိုးရိုးရှင်းရှင်းနဲ့ ပျင်းရိငြီးငွေ့ဖွယ် ဘဝကို ဖြတ်သန်းလာခဲ့သူပါ။ အခုတော့ ကိုယ့်ဘဝမှာ အမှတ်ရစရာတစ်ခုခု ကျန်ခဲ့ချင်လို့ လီယိုကို ငှားလိုက်တာ ဖြစ်ပါတယ်။ နှစ်ယောက်သား ဟိုတယ်အခန်းတစ်ခန်းထဲမှာ တွေ့ဆုံကြပြီး ဇာတ်လမ်းရဲ့ တစ်ဝက်ကျော်လောက်ကလည်း အဲဒီအခန်းထဲမှာပဲ ဖြစ်ပျက်သွားတယ်။ ပုံစံတစ်မျိုးတည်းနဲ့ နေသားကျလာတဲ့ နန်စီဟာ လီယိုနဲ့ တွေ့ပြီးနောက် ကိုယ်ဖြတ်သန်းလာခဲ့တဲ့ ဘဝကို ပြန်မေးခွန်းထုတ်လာမိပါတယ်။ နန်စီနဲ့ တွေ့ဆုံမှုကလည်း လီယိုရဲ့ဘဝအပေါ် ဘယ်လို သက်ရောက်လာမလဲဆိုတာ ဆက်ကြည့်ရမှာပါ။ လိင်မှုကိစ္စအပေါ် အမြင်၊ ရှေးရိုးစွဲအယူအဆတွေနဲ့ လိင်လုပ်သားတွေအပေါ် ထားရှိတဲ့ သဘောထားတွေကို ထည့်သွင်းထားတဲ့ ဒရာမာ၊ ဟာသဇာတ်ကားဖြစ်ပါတယ်။ လိင်ဆက်ဆံခန်းတွေနဲ့ လိင်မှုဆိုင်ရာ အသုံးအနှုန်းတွေ ပါဝင်တာကြောင့် မိသားစုအတူကြည့်ဖို့ မသင့်တော်ပါဘူး။

ဇာတ်လမ်းအကြောင်း