Laguna Ave.
ရက်ဆဲလ်ဟာ လက်တစ်ဖက် ဆုံးရှုံးထားတဲ့ တီးဝိုင်းအဖွဲ့ဝင်ဟောင်းတစ်ယောက်ပါ။ မကြာသေးခင်က အလုပ်ပြုတ်ထားပြီး အလုပ်သစ်လည်း ရှာမရသေးတာကြောင့် ဘဝကို စိတ်ပျက်ငြီးငွေ့နေတယ်။ ငွေကြေးမပြေလည်လို့ အိမ်လခကိုတောင် ချစ်သူ ရီတာက စိုက်ပေးနေရပါတယ်။ ဒီကြားထဲ သူတို့တိုက်ရဲ့ အောက်ထပ်အခန်းကို လူသစ်တွေ ပြောင်းလာရာက နောက်ထပ်ပြဿနာတက်လာတယ်။ ညဘက်ဆို တဒုန်းဒုန်း တဒိုင်းဒိုင်း အသံတွေကြောင့် အိပ်မရဖြစ်နေရပြီး အဲဒီအိမ်နီးချင်းနဲ့ ပတ်သက်မိတဲ့နောက် ရက်ဆဲလ်ဟာ အာအီးဂျီဆိုတဲ့ ထူးဆန်းတဲ့ အဖွဲ့အစည်းအကြောင်း သိလာပါတယ်။ အဲဒီအဖွဲ့အစည်းက ဘာလဲ၊ ရက်ဆဲလ် ဘယ်လိုအဖြစ်တွေ ဆက်ကြုံရမလဲဆိုတာကို အဖြူအမည်းနဲ့ ရိုက်ကူးထားတဲ့ သိပ္ပံစိတ်ကူးယဉ် ဟာသဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း