ဇာတ်ကားများ ရွေးရန်

7 Days

2018ဇာတ်ကား118 မိနစ်

မနက်အိပ်ရာနိုးလာတိုင်း မသိတဲ့လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ ရောက်နေတတ်တဲ့ ဝိညာဉ်တစ်ခု ရှိပါတယ်။ ကိုယ်ဘယ်သူလဲဆိုတာ မသိသလို ကိုယ်ပိုင်ပစ္စည်းဆိုလို့ ဖုန်းတစ်လုံးပဲ ရှိတယ်။ ဒါပေမယ့် မင်ဆိုတဲ့ ကောင်မလေးနောက်ကိုတော့ မသိစိတ်ကနေ လိုက်နေမိပါတယ်။ မင်က စားဖိုမှူးဖြစ်ချင်ပေမယ့် ဝေဖန်ခံခဲ့ရလို့ ဟင်းပွဲပြင်ဆင်ဖို့ ကြောက်နေတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူကိုယ်တိုင်က နည်းစနစ်အတိုင်း ချက်ပြုတ်တတ်သူဖြစ်ပေမယ့် ချစ်သူ ထန်ကတော့ ထူးထူးဆန်းဆန်း ဟင်းပွဲတွေ ဖန်တီးတတ်တဲ့ စားဖိုမှူး ဖြစ်နေတယ်။ တစ်ညမှာ နှစ်ယောက်သား စကားများကြပြီးနောက် ထန် ရုတ်တရက် ပျောက်သွားပါတယ်။ မင်လည်း ပျောက်နေတဲ့ချစ်သူကို လိုက်ရှာရင်း နေ့တိုင်း ထူးဆန်းတဲ့လူတွေနဲ့ ကြုံလာရတယ်။ တစ်ဖက်မှာလည်း နိုးလာတိုင်း ခန္ဓာကိုယ်ပြောင်းနေတဲ့ ဝိညာဉ် ရောက်သွားသမျှက မင်နဲ့ ရင်းနှီးသူတွေချည်း ဖြစ်နေပါတယ်။ အဲဒီဝိညာဉ်က ဘယ်သူလဲ၊ မင်ရဲ့အနီးအနားက လူတွေအဖြစ် ဘာကြောင့် ပြောင်းလဲနေရတာလဲ။ မင်ကရော ပျောက်နေတဲ့ ထန်ကို ပြန်ရှာတွေ့နိုင်ပါ့မလား။ ထန်အဖြစ် Fluke Kan Kantathavorn၊ မင်အဖြစ် Mew Nittha Jirayungyurn နဲ့ ကုန်းအဖြစ် Ananda Everingham တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း