ဇာတ်ကားများ ရွေးရန်

My Wonderful Life

2021ဇာတ်ကားအမှတ် 5.1/1099 မိနစ်

ဂျိုအန်နာဟာ အိမ်ထောင်ရေးနဲ့ မိသားစုတာဝန်တွေကြားမှာ မွန်းကျပ်နေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရတဲ့အမေကို စောင့်ရှောက်ရသလို မိသားစုကိစ္စတွေကို ကိုယ်နဲ့မဆိုင်သလို နေတတ်တဲ့ခင်ပွန်းကြောင့်လည်း သူ့အပေါ် ဝန်ပိုပိနေတယ်။ သားကြီးက အိမ်ထောင်ကျနေပြီဆိုပေမယ့် ကိုယ့်အားကိုယ်ကိုး မရသေးလို့ အရာရာ ထောက်ပံ့ပေးနေရပြီး သားငယ်ဆီကလည်း အကူအညီမရပါဘူး။ ဒီဘဝထဲကနေ ခဏလောက် ရုန်းထွက်ပြီး စိတ်ထွက်ပေါက်ရှာဖို့ ကြိုးစားရင်း ဂျိုအန်နာဟာ စည်းတချို့ကို ချိုးဖောက်မိသွားတယ်။ အဲဒီနောက်မှာတော့ သူလုပ်မိခဲ့တာတွေက သူ့နောက်ကို အရိပ်လို လိုက်ခြောက်လာပါတော့တယ်။ ဂျိုအန်နာ ဘာတွေကျူးလွန်မိခဲ့သလဲ၊ သူ့ဆီရောက်လာတဲ့ ခြိမ်းခြောက်စာရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိသလဲ။ မိသားစုတာဝန်တွေကြားကနေ ထွက်ပေါက်ရှာမိတဲ့ သူ့ဘဝဟာ ဘယ်လိုဆက်ဖြစ်လာမလဲ။

ဇာတ်လမ်းအကြောင်း