Bridesmaids
အန်နီရဲ့ဘဝက အဆင်မပြေမှုတွေ ဆက်တိုက်ကြုံနေရပါတယ်။ ဖွင့်ထားတဲ့ ကိတ်မုန့်ဆိုင်လေးက အရှုံးပေါ်နေသလို ချစ်သူရဲ့ စွန့်ပစ်တာကိုလည်း ခံထားရတယ်။ အခုတွဲနေတဲ့ ယောက်ျားကလည်း သူ့ကို တန်ဖိုးမထားဘဲ အပျော်တွဲနေတာပါ။ ဒီလို စိတ်ပျက်လက်ပျက် နေ့ရက်တွေကို ဖြတ်သန်းနေတုန်း အချစ်ဆုံး ငယ်သူငယ်ချင်းရဲ့ မင်္ဂလာပွဲမှာ သတို့သမီးအရံ လုပ်ပေးဖို့ ဖြစ်လာပါတယ်။ ကိုယ့်ဘဝက အလဲလဲအပြိုပြို ဖြစ်နေတဲ့အပြင် အချစ်ဆုံးသူငယ်ချင်း အိမ်ထောင်ပြုတော့မှာကိုလည်း အန်နီက ဝမ်းနည်းနေတယ်။ သတို့သမီးနဲ့ အပျိုရံတွေ မင်္ဂလာပွဲအတွက် ပြင်ဆင်ကြရင်း အလွဲလွဲအချော်ချော်တွေ ဖြစ်လာကြပြီး အန်နီတစ်ယောက် ဒီအခြေအနေတွေကြား ဘယ်လိုဆက်ရင်ဆိုင်ရမလဲဆိုတာကို ပြထားပါတယ်။ အန်နီအဖြစ် သရုပ်ဆောင်ထားတဲ့ Kristen Wig နဲ့ Annie Mumolo တို့က ဇာတ်ညွှန်းကို နှစ်နဲ့ချီ ရေးသားခဲ့ကြတာပါ။ ဇာတ်ကားဟာ အော်စကာ အကောင်းဆုံးဇာတ်ညွှန်းဆုအတွက် ဆန်ကာတင်ဝင်ခဲ့သလို Melissa McCarthy ကလည်း အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုအတွက် ဆန်ကာတင်ဝင်ခဲ့ပါတယ်။ အမျိုးသမီးတွေ ဦးဆောင်ပါဝင်ထားပြီး လူကြီးဟာသတွေကြားမှာ အန်နီရဲ့ စိတ်ပျက်မှုနဲ့ သူငယ်ချင်းအပေါ် သံယောဇဉ်ကို တွဲဖော်ပြထားတယ်။ ထုတ်လုပ်စရိတ် ကန်ဒေါ်လာ ၃၂ သန်းနဲ့ ဝင်ငွေ ၂၈၅ သန်းကျော် ရရှိခဲ့ပြီး Empire မဂ္ဂဇင်းရဲ့ “30 Years 30 Films” မှာ ၂၀၁၁ ခုနှစ်ကို ကိုယ်စားပြုတဲ့ ရုပ်ရှင်အဖြစ် ဖော်ပြခံခဲ့ရပါတယ်။ အဖွင့်ကတည်းက လိင်ပိုင်းဆိုင်ရာအခန်း ပါဝင်ပြီး တစ်ကားလုံး လူကြီးဟာသတွေ အသုံးပြုထားတဲ့ R-rated ဟာသကားဖြစ်တာကြောင့် မိသားစုနဲ့အတူ ကြည့်ဖို့တော့ မသင့်တော်ပါဘူး။
ဇာတ်လမ်းအကြောင်း