Long Story Short
တက်ဒီနဲ့ လီယန်တို့ဟာ မထင်မှတ်ဘဲ တွေ့ဆုံခဲ့ရာက ချစ်မိသွားပြီး လက်ထပ်ခဲ့ကြတဲ့ စုံတွဲပါ။ တက်ဒီက လီယန်ကို ချစ်ပေမယ့် အလုပ်ထဲမှာပဲ အာရုံနှစ်ထားတော့ ဇနီးအတွက် အချိန်မပေးဖြစ်ဘူး။ ဟန်းနီးမွန်းခရီးတောင် မစီစဉ်ရသေးဘဲ နောက်မှလုပ်မယ်ဆိုပြီး ရွှေ့နေခဲ့ပါတယ်။ မင်္ဂလာဦးညမှာ လက်ဖွဲ့တွေကို ကြည့်ရင်း ဘယ်သူပို့ထားမှန်းမသိတဲ့ ထူးဆန်းတဲ့လက်ဖွဲ့တစ်ခုကို ဖွင့်ကြည့်မိကြတယ်။ အဲဒီနောက် တက်ဒီဟာ အချိန်တွေ အဆပေါင်းများစွာ မြန်မြန်ကုန်သွားတဲ့ အခြေအနေထဲ ရောက်သွားပါတော့တယ်။ သူနိုးလာတိုင်း တစ်နှစ်ကျော်သွားပြီး နိုးတဲ့နေ့ကလည်း သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ပဲ ဖြစ်နေတယ်။ အရာရာကို နောက်မှလုပ်မယ်လို့ ရွှေ့ထားတတ်တဲ့ တက်ဒီအတွက် အခုတော့ တစ်နှစ်ပြီးတစ်နှစ် ကုန်သွားနေတာကို ရင်ဆိုင်ရပါပြီ။ ဒီအချိန်စက်ဝန်းထဲက ဘယ်လိုရုန်းထွက်နိုင်မလဲ၊ အချိန်တွေ ဒီလောက်မြန်မြန်ကုန်နေတာက သူ့ဘဝကို ဘယ်လိုပြောင်းလဲစေမလဲ၊ သူတို့အိမ်ထောင်ရေးကိုရော ထိခိုက်လာမလားဆိုတဲ့ မေးခွန်းတွေနဲ့ ဆက်သွားပါတယ်။ အိမ်ထောင်တစ်ခုမှာ အချစ်အပြင် နားလည်မှု၊ ရိုးသားမှုနဲ့ အချိန်ပေးမှုတို့ လိုအပ်ပုံကို ဟာသ၊ စိတ်ကူးယဉ်နဲ့ အချစ်ဇာတ်လမ်း ရောပြီး တင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း