ဇာတ်ကားများ ရွေးရန်

Makmum

2019ဇာတ်ကားအမှတ် 6.2/1091 မိနစ်

Makmum ဟာ ၂၀၁၉ နဲ့ ၂၀၂၁ မှာ ဇာတ်ကားတွေ ထွက်ရှိထားတဲ့ အင်ဒိုနီးရှား သရဲကားပါ။ ဒီ ၂၀၁၉ ဇာတ်ကားကတော့ စီတရာ မိန်းကလေးဘော်ဒါကျောင်းမှာ နေထိုင်တဲ့ ကျောင်းသူသုံးယောက် ခြောက်လှန့်ခံရတဲ့အကြောင်းကို အခြေခံထားပါတယ်။ အဆောင်နေကျောင်းသူ ပူတရီဟာ ဝတ်ပြုချိန်တိုင်း Makmum လို့ခေါ်တဲ့ သရဲရဲ့ ပူးကပ်ခြောက်လှန့်မှုကို ခံနေရတယ်။ အဲဒီအမည်ကတော့ နောက်ကလိုက်သူလို့ အဓိပ္ပါယ်ရပါတယ်။ ကျောင်းအုပ်ဟောင်း ဆရာမကြီး ကီနန်တီက ဒီအဖြစ်တွေကို သိနေတဲ့အတွက် ကျောင်းသူဟောင်း ရင်နီကို ခေါ်ယူခဲ့တယ်။ ရင်နီက လက်ရှိမှာ လူသေအလောင်းတွေကို ပြင်ဆင်ပေးတဲ့အလုပ် လုပ်နေပြီး ပရလောကသားတွေနဲ့ မကြာခဏ ကြုံတွေ့ရသူပါ။ ငယ်ငယ်က တက်ခဲ့တဲ့ကျောင်းကို ပြန်ရောက်လာတဲ့ ရင်နီအနေနဲ့ ဘယ်လိုခြောက်လှန့်မှုတွေ ကြုံရဦးမလဲ။ ပူးကပ်ခံနေရတဲ့ ကျောင်းသူလေးတွေကို ဘယ်လိုကယ်တင်မလဲ၊ သူမသိခဲ့တဲ့ ကျောင်းရဲ့အမှန်တရားတွေ ဘယ်လိုပေါ်လာမလဲဆိုတာကို ဆက်တွေ့ရမှာပါ။

ဇာတ်လမ်းအကြောင်း