ဇာတ်ကားများ ရွေးရန်

One Direction: This Is Us

2013ဇာတ်ကားအမှတ် 8.3/1092 မိနစ်

X Factor ပြိုင်ပွဲဝင်တွေဖြစ်တဲ့ Harry Styles၊ Zayn Malik၊ Niall Horan၊ Louis Tomlinson နဲ့ Liam Payne တို့ကို Simon Cowell က One Direction အဖြစ် စုဖွဲ့ပေးခဲ့ပါတယ်။ သူတို့အဖွဲ့ ဒီလောက်အောင်မြင်လာမယ်လို့ အစပိုင်းမှာ မျှော်လင့်မထားခဲ့ကြပေမယ့် Directioner ပရိသတ်တွေရဲ့ အားပေးမှုနဲ့ အဖွဲ့စဖွဲ့ချိန်ကတည်းက စံချိန်များစွာ ချိုးနိုင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာ လူသိများလာခဲ့တယ်။ ဒီမှတ်တမ်းရုပ်ရှင်ကို Take Me Home Tour ခရီးစဉ်အတွင်း ရိုက်ကူးထားတာပါ။ စင်ပေါ်က ဖျော်ဖြေတင်ဆက်မှုတွေအပြင် အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ အမူအကျင့်တွေ၊ အချင်းချင်း ညီအစ်ကိုလို ခင်တွယ်ကြပုံနဲ့ ပရိသတ်တွေအပေါ်ထားတဲ့ ချစ်ခင်မှုကိုလည်း ထည့်သွင်းထားပါတယ်။ လူလတ်တန်းစားမိသားစုတွေကနေ လာခဲ့ကြတဲ့ သာမန်ကောင်လေးငါးယောက်ဟာ ရလာတဲ့အောင်မြင်မှုကို ဘယ်လိုမြင်ကြသလဲ၊ အဲဒီအောင်မြင်မှုနဲ့ ကိုယ့်ဘဝကို ဟန်ချက်ညီအောင် ဘယ်လိုထိန်းညှိကြသလဲဆိုတာကိုလည်း သူတို့ရဲ့အကြောင်းနဲ့အတူ ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း