ဇာတ်ကားများ ရွေးရန်

Dark Glasses

2022ဇာတ်ကားအမှတ် 4.6/1086 မိနစ်

ရောမမြို့မှာ ပြည့်တန်ဆာသုံးဦး အသတ်ခံရပြီးနောက် ဒီလူသတ်မှုတွေဟာ လူသိများလာပါတယ်။ ဒီယာနာကတော့ ရုပ်ရည်လှပပြီး ဝန်ဆောင်ခမြင့်တဲ့ ပြည့်တန်ဆာတစ်ယောက်ပါ။ တစ်နေ့မှာ သူလည်း လူသတ်သမားရဲ့ပစ်မှတ် ဖြစ်လာပြီး ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားရင်း ကားတိုက်မှုဖြစ်ကာ မျက်စိကွယ်သွားခဲ့တယ်။ သူ့ကားနဲ့ တိုက်မိတဲ့ကားပေါ်မှာ တရုတ်ကလေးတစ်ယောက် ပါလာပါတယ်။ ကလေးရဲ့အဖေက ပွဲချင်းပြီးဆုံးသွားပြီး အမေကတော့ မေ့မြောနေခဲ့တယ်။ ဒီယာနာဟာ စောင့်ရှောက်ရေးဂေဟာမှာ ရောက်နေတဲ့ကလေးကို သွားတွေ့ခဲ့ပြီး နောက်တော့ ကလေးကလည်း ဂေဟာကနေ ခိုးထွက်ကာ သူ့အိမ်ကို လိုက်လာပါတယ်။ မျက်စိမမြင်တော့တဲ့ဘဝနဲ့ အသားကျအောင် ကြိုးစားနေရတဲ့ ဒီယာနာနဲ့ ဒီကလေးတို့ ရှေ့ဆက်ဘယ်လို နေထိုင်ကြမလဲ။ သူတို့နောက်ကို လက်မလျှော့ဘဲ လိုက်နေသေးတဲ့ လူသတ်သမားလက်ကနေရော ဘယ်လိုလွတ်အောင် ကြိုးစားကြမလဲ။ ဇာတ်ကားထဲမှာ အဖော်အချွတ်နဲ့ ရက်စက်တဲ့လူသတ်ခန်းတွေ ပါတာကြောင့် ကလေးသူငယ်တွေအတွက် မသင့်တော်ပါဘူး။

ဇာတ်လမ်းအကြောင်း